ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုလုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေး၊ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ယာယီတိမ်းရှောင် ဝန်ထမ်းများနှင့် မိသားစုများအားထောက်ပံ့
မြစ်ကြီးနား ဇန်နဝါရီ ၂၁ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ကြီးများ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား ကုတင်-၅၀၀ ဆံ့ပြည်သူ့ ဆေးရုံကြီး(၃)ထပ်လူနာဆောင်၌ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုလုပ်ငန်းကို ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ထေရ်ကြီးဝါကြီး မထေရ်မြတ်ကြီးများနှင့် သီလရှင်ဆရာကြီးတို့အား ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာဝင်းမော်၊ သမားတော်၊ ခွဲစိတ်ဆရာဝန်ကြီးများ၊ အထူးကုများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုခဲ့ကြကာ အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဆေးရုံလူနာဆောင်အတွင်း သွားနှင့်ခံတွင်း…