ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်းယာယီတိမ်းရှောင်စခန်း၌ စခန်း(၉)ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေး ထောာက်ပံ့
မြစ်ကြီးနား ဇွန် ၁၄ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင်မြေဧရိယာအတွင်း ယာယီတိမ်းရှောင်စခန်းများ ဖွင့်လှစ်၍ ခိုလှုံ နေထိုင်လျက်ရှိသော စခန်း (၉)ခုမှ အိမ်ထောင်စုများအား ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်းရှိ ခန်းမဆောင်၌သွားရောက်တွေ့ဆုံထောက်ပံ့ခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင်ဒေါ်ဒွဲဘူက ငြိမ်းချမ်းရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် အားလုံးက ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးကျော်သူရ၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့နှင့်အတူ အဆိုပါမြေဧရိယာအတွင်း ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ယာယီစခန်းများဆောက်လုပ်၍ ဝိုင်းမော်၊ ချီဖွေ၊ ဗန်းမော်မြို့နယ်များမှ ခိုလှုံနေထိုင်လျက်ရှိသော စခန်း(၉)ခုမှ အိမ်ထောင်စု(၆၀၉)စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် ၂၀၀…