ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဝိုင်းမော်မြို့နယ် ကျေးရွာများရှိ အခြေခံကျောင်းများ၌ Grade -12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသုံးစာရေးကိရိယာများ နှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
ဝိုင်းမော် ဒီဇင်ဘာ ၁၀ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade –12 အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက်နေ့က ဝိုင်းမော်မြို့ နယ် ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ Grade –12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့နယ်၊ ဂွေထုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ဂွေထု)သို့ သွားရောက်ပြီး ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်၊ သင်ကြားရေးဆရာ/ ဆရာမများ၊ Grade-12 ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံကာ Grade-12 ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စသည့် စာရေးကိရိယာများနှင့် ကျေးရွာမှတဆင့် ဝိုင်းမော်မြို့ပေါ်ရှိစာစစ်ဌာနများသို့ သွားလာရေးစရိတ်အဖြစ် ငွေကျပ် (၁၅) သိန်းကိုလည်းကောင်း၊ ဆရာ/ ဆရာမများအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း…