ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း သဘာဝမြေသြဇာ(ပိုက်ဆံလျှော်) အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား MPE ထုတ်မြေသြဇာဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား ကြည့်ရှုအားပေး
မြစ်ကြီးနား မေ ၂၉ ကချင်ပြည်နယ်အတွင်း ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စိုက်စွမ်းအား တိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက တောင်သူအသိပညာပေး သဘာဝမြေသြဇာ(ပိုက်ဆံလျှော်) အသုံးပြုခြင်းကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား MPE ထုတ်မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း၌ တောင်သူအသိပညာပေး သဘာဝမြေသြဇာ(ပိုက်ဆံလျှော်)အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးအပါအဝင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် မျိုးပြောင်းလဲသုံးစွဲခြင်း၊ သိပ္ပံနည်းကျစိုက်နည်း စနစ်များ အသုံးချခြင်းတို့ကိုအပြင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ စိုက်ပျိုးသီးနှံများ…