ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ခိုင်တောင်ကျွန်းတောင်သူများအား သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဖွဲ့စည်း၍ ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့်ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား စက်တင်ဘာ ၁၇ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအုပ်စုအတွင်းရှိ ခိုင်တောင်ကျွန်းအတွင်း သီးနှံစိုက်ပျိုးသူ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စံပြစိုက်ကွင်း တစ်ခုအဖြစ် ရင်းနှီးမတည်၍ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတောင်သူများ၊ ကွင်းမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်ရေးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်က ခိုင်တောင်ကျွန်းတွင် ကွင်း ၆ ကွင်းဖြင့် စိုက်ပျိုးဧက ၃၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက်ဆက် စိုက်ပျိုးရေးတောင်သူများက အစေ့ထုတ်ပြောင်း၊ နှမ်း၊ ဆီထွက်သီးနှံနှင့် အခြား သီးနှံများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါကြောင်း၊ ယခုအခါ…