ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်၏၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်ပညာ‌ရေးစုံညီပွဲတော် တက်ရောက်အားပေး၊ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် မနောတိုင်စိုက်ထူ၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားများ တက်ရောက်

မြစ်ကြီးနား     ဇန်နဝါရီ  ၅           ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကချင်ပြည်နယ်၏ ပညာရေးစုံညီပွဲတော်ကို မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ယနေ့ နံနက် ၈ နာရီက အခြေခံပညာကျောင်းပေါင်းစုံ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်အား အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် ဘင်ခရာပန်းပွားအဖွဲ့များက ချီတက်အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိဘ၊ ဆရာ၊ ကျောင်းသား ပိုမိုရင်းနှီးပြီး ပညာရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းပါဝင်မှု ပိုမိုမြင့်မားလာစေရန်၊ ပူးပေါင်းမှုဖြင့် ပညာရေးအကောင်အထည်ဖော်ဆောင်ရွက်မှု…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၄            ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ဇန်နဝါရီ ၄ ရက်က ကချင်ပြည်နယ်အစိုးရအဖွဲ့ ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် နိုင်ငံတော်အလံတင် အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ နိုင်ငံတော်အလံအား စုပေါင်းအလေးပြုခဲ့ကြသည်။           ယင်းနောက် နံနက် ၇ နာရီတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်ပွဲအပိုင်း (၂)တွင် ပါဝင်သော မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ကြန့်ကြာမှုမရှိစေရေး အဆိုင်း(၂) ဆိုင်းခွဲ၍ လက်တွေ့စမ်းသပ်မဲပေးနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ  ၄           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ဆက်လက်ကျင်းပမည့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးရာတွင် ကြန့်ကြာမှုမရှိစေရေး အဆိုင်း (၂)ဆိုင်းခွဲ၍ လက်တွေ့စမ်းသပ် ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တာဝန်ခံ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် အပိုင်း(၂)အဖြစ် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (မိုင်းနား)၌ ဖွင့်လှစ်သွားမည့် မဲရုံအမှတ် (၃၉)၌ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နှင့် နမ္မတီးမြို့အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လူထုတွေ့ဆုံများနှင့်ယာယီတိမ်းရှောင်မိသားစုများအား ဆန်အိတ်နှင့် ခြုံစောင်များထောက်ပံ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများ အားကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၃           ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့တို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တာဝန်ခံ၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲအဖွဲ့ခွဲ အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြရာ ဘင်ခရာပန်းပွားအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုခဲ့ကြသည်။           အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ဒေသကို အကျိုးပြုနိုင်မည့် ပုဂ္ဂိုလ်များ၊ ဒေသအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်များကို ကိုယ်တိုင်ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် လာမည့် ၂၀၂၆…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်‌ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အအုံသစ် နှင့်ရေကြည်ချောင်းရေထိန်းတံခါးတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ယာယီတိမ်းရှောင်ပြည်သူများအား သွားရောက်ထောက်ပံ့

မြစ်ကြီးနား ဇန်နဝါရီ  ၂ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ထူးဆောင်ဆု၊ ဆုတံဆိပ်နှင့် ဆုပစ္စည်းများ အပ်နှင်းပွဲ၊ မနောပွဲအကဖြင့် စုပေါင်းဆင်နွှဲနိုင်ရေးစသည့် အထိမ်းအမှတ်အခမ်းအနားများ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဇန်နဝါရီ ၁၀ ရက်နေ့ ကချင်ပြည်နယ်နေ့ မတိုင်မီ ကျင်းပပြုလုပ်သွားမည့် ပြည်နယ်နေ့ ဂုဏ်ပြုအခမ်းအနားအစီအစဉ်များ၊  ဇန်နဝါရီ ၉ ရက်နေ့တွင် ပြည်နယ်နေ့အထိမ်းအမှတ်အောင်မြင်ခြင်း မနောအကစုပေါင်းဆင်နွှဲနိုင်ရေးအတွက် မနောကွင်းဖွင့်ပွဲနှင့် မနောအကစုပေါင်းဆင်နွှဲသွားမည့် အစီအစဉ်များ၊ MSME ပြခန်းများ…

Read More

(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်‌ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေး

မြစ်ကြီးနား     ဇန်နဝါရီ ၁ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို မနောအကဆင်နွှဲခြင်း၊ MSME ပြခန်းများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ၊ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ဒီဇင်ဘာ ၃၁ ရက်က ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မနောအကတွင် ဦးဆောင်မည့် ရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့်အတူ ကချင်ပြည်နယ်နေ့တွင် ကျင်းပမည့် အောင်မြင်ခြင်းမနောအက စုပေါင်းဆင်နွှဲနိုင် ရေး၊ သဝဏ်လွှာဖတ်ပွဲအခမ်းအနား၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပသွားမည့်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၁           ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်ကြသည်။           ရှေးဦးစွာ ဖူဆယ်ဘောလုံးပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ဓာတုဗေဒဘာသာရပ်အသင်းနှင့် မြန်မာစာဘာသာရပ်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ရာ မြန်မာစာဘာသာရပ်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသည်။           ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြစ်ကြီးနားတက္ကသိုလ် အားကစားဌာနမှူးက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနား-မန်ခိန်လမ်းကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ပေး၊ ပြည်နယ်အတွင်း ဆက်လက်ကျင်းပသွားမည့် အပိုင်း (၂) ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေး၊ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၃၁           ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ခင်းကျင်းဆောင်ရွက်ခဲ့သည့် မြစ်ကြီးနားမြို့တွင်းလမ်း မြစ်ကြီးနား-မန်ခိန်လမ်း ကတ္တရာကွန်ကရစ် (AC)လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက အဆိုပါ လမ်းသစ်၏ ရုံးကြီးလမ်းနှင့် သခင်နက်ဖေလမ်းထောင့်၌ ကျင်းပပြုလုပ်သည်။           လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် မြစ်ကြီးနား-မန်ခိန်ကတ္တရာကွန်ကရစ်လမ်းသည် မြို့တွင်း မီးသတ်ဦးစီးဌာနရုံးလမ်းဆုံမှ ကရိန်နော်လမ်းခွဲအထိ အရှည်(၆)မိုင်ရှိပြီး မြို့တွင်း မော်တော်ယာဉ်အများဆုံးသွားလာသည့် လမ်းပိုင်းတစ်ခုဖြစ်သည့်အပြင် မြို့တွင်း လမ်းပိုင်းများနှင့်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး Polytechnic University (Myitkyina) ခရစ္စမတ်ပွဲတော်နှင့် ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခရစ္စမတ်ပွဲတော်သို့ တက်ရောက်အားပေး၊ အခြေခံစားသောက်ကုန်များ ‌ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၃၁           Polythenic University (Myitkyina) ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲကို အစပြု ဆုတောင်းဆက်ကပ်ခဲ့ကြပြီး ဓမ္မတေးသီချင်းအားသီဆိုကျူးဧခဲ့ကြကာ ပြည်နယ်ဝန်ကြီးက ခရစ်တော်မွေးနေ့ မြတ် အချိန်အခါကာလတွင် ယခုလို Polytechnic University (Myitkyina) ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကျေးဇူးတော် ချီးမွမ်းခွင့်၊ ဆုတောင်းဆက်ကပ်အပ်နှံခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် Polytechnic University (Myitkyina)…

Read More

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင် ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မဲပေးစက်များ ပြန်လည်အပ်နှံထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၃၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထိန်းသိမ်းထားရှိရာနေရာသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် အသုံးပြုခဲ့သော မြစ်မာအီလက်ထရောနစ်မဲပေးစက်များကို စနစ်တကျပြန်လည်အပ်နှံထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်တာဝန်ခံနှင့် တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော်ရုံး၌ မြန်မာအီလက်ထရောနစ် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများက စနစ်တကျစစ်ဆေး၍ ပြန်လည်အပ်နှံထားရှိမှုအခြေအနေများနှင့် မဲပေးစက်တွင် အသုံးပြုခဲ့သည့်(၁၂)ဗို့ ဘက်ထရီအိုးများကိုပြန်လည်အားသွင်း၍ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ ရှေးဦးစွာ ပြည်နယ်တာဝန်ခံသည် ပါတီစုံဒီမိုကရေစီ…

Read More