မြစ်ကြီးနား ဇန်နဝါရီ ၁
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို မနောအကဆင်နွှဲခြင်း၊ MSME ပြခန်းများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ၊ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ဒီဇင်ဘာ ၃၁ ရက်က ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မနောအကတွင် ဦးဆောင်မည့် ရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့်အတူ ကချင်ပြည်နယ်နေ့တွင် ကျင်းပမည့် အောင်မြင်ခြင်းမနောအက စုပေါင်းဆင်နွှဲနိုင် ရေး၊ သဝဏ်လွှာဖတ်ပွဲအခမ်းအနား၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပသွားမည့် အစီအစဉ်များ၊ ဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ မြန်မာ့လက်ဝှေ့ ပြိုင်ပွဲ အပါအဝင် အားကစားနည်း (၂၀)နည်း ထည့်သွင်းကျင်းပသွားမည့် ကိစ္စရပ်များ၊ ဒေသထွက် ကုန် MSME ပြပွဲခင်းကျင်းပြသသွားမည့် အစီအစဉ်များ စသည့်လုပ်ငန်းများနှင့် စပ်လျဉ်းဆွေးနွေးခဲ့ ကြခဲ့သည်။ ယင်းနောက် ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မနောအကကို ရိုးရာအစဉ် အလာနှင့်အညီ အနှစ်သာရပြည့်ဝစွာ စုပေါင်းဆင်နွှဲနိုင်ရေးနှင့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပ ပြုလုပ်ရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
