Tags :ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ကျင်းပသည့် မီးဘေး ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁           ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနက ကြီးမှူး၍ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် ဒေသခံများအတွက် ကျင်းပပြုလုပ်သည့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြော ပွဲနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်က မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက မီးလောင်မှုဖြစ်ပွားသည့်အခါ ရှေးဦးမီးငြှိမ်းသတ်နိုင်ရေးအတွက် မိမိတို့ဌာန၊ စက်ရုံ/ အလုပ်ရုံ၊ ဈေး၊ ဟိုတယ်၊ မိုတယ်စသည့် အထပ်မြင့်အဆောက်အဦများ၊ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် မီးသတ်ဦးစီးဌာနသို့ သတင်းများပေးပို့ခြင်း၊ ရှေးဦးမီးငြှိမ်း သတ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကြီးမားကျယ်ပြန့်မှုမရှိစေရေး မီးသတ်ဆိုင်ရာလုပ်ငန်းစဉ်များကို မျက်ခြေမပြတ်လေ့လာ ဆည်းပူးပြီး မိမိတို့ဌာန၊ မိမိတို့ဒေသအတွက် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှု၊ မြို့ပေါ်ရပ်ကွက်များအတွင်း သက်သာဈေးဖွင့်လှစ်ရောင်းချနေမှု၊ အေးမြသာယာအဆင့်မြင့်ဈေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးသရုပ်ပြခြင်း နှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဖေဖော်ဝါရီ ၁ ရက် နံနက် (၉)နာရီခွဲက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်း ဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် ကုတင်Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ကာယကံရှင်အမှန်နေထိုင်သည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အား စိစစ်ရွေးချယ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ

မြစ်ကြီးနား     သြဂုတ် ၃၀           ကချင်ပြည်နယ်အတွင်း ကာယကံရှင်အမှန်နေထိုင်သည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)အား ရွေးချယ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ အတွင်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးနှင့် မဲစာရင်းမှန်ကန်တိကျစေရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့ကချင်ပြည်နယ်အတွင်း မြို့နယ်အလိုက် အိမ်ထောင် စုလူဦးရေစာရင်း နေရာတစ်ခုထက် ပိုမိုပါဝင်နေသူ (၂၆၀၀၀၀)ကျော်အား အိမ်ထောင်စုတစ်ခုတွင် သာ စာရင်းပါရှိရန်နှင့် မလိုအပ်သော ထပ်နေသည့် စာရင်းများအား ပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တစ်နေရာထက်ပိုမိုပါဝင်လျက်ရှိသော လူဦးရေစာရင်းများကို တစ်နေရာတည်းတွင်သာ အတည်ပြုနိုင်ရေး ကာယကံရှင်၏အတည်ပြုမှုပုံစံဖြင့် ဆောင်ရွက်နိုင်ရေး သတ်မှတ်စာ/ဇယားပုံစံများ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၃၀           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို သြဂုတ် ၃၀ ရက် နံနက် ၉ နာရီက တက္ကသိုလ်ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။           ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ် ကျောင်းသား/ ကျောင်းသူ လူငယ် လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အားကိုးရဆုံးဖြစ်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သည့်အတွက် အပေါင်းအသင်းမှားခြင်း၊ အတွေးအခေါ်လွဲမှားခြင်းတို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲ ခြင်း၊ လောင်းကစားပြုလုပ်သည့် လမ်းမှားမရောက်အောင် မိမိတို့အနေဖြင့် ကြိုးစားထိန်းကြောင်း သွားရမည်ဖြစ်ပါကြောင်း၊ ယခုလို အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပေးခြင်းဖြင့် မျိုးဆက်သစ် လူငယ်များကို အညွန့်ချိုးနေသည့်၊ ကောင်းကျိုးမပေးသည့် မူးယစ်ဆေးဝါးဆိုးကျိုးနှင့် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေး မိုးစပါးစံပြစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး၊ ပြည်နယ်၏ အားကစားအဆင့် အတန်းတိုးတက်မြှင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၂၉           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းစားရေရိက္ခာဖူလုံစေရေး၊ လယ်ယာမြေ များအားလုံး စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၈ ရက် ညနေ ၃ နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ဖော်ထုတ်ပေးခဲ့သော စနစ်ကျစက်မှုလယ်ယာ ဧက ၁၀၀ စိုက် ကွင်းသို့ သွားရောက်ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ကွင်းအတွင်း မှော်ဘီRead More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် ပို့ကုန်/ သွင်းကုန်များနှင့် စပ်လျဉ်း၍ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၂၇           ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ကုန်စည်တင်ပို့ရာတွင် ပြည်နယ်အတွင်းမှ စိုက်ပျိုးရေးထွက်ကုန်သီးနှံ ပို့ကုန်များနှင့် သီးနှံထုတ်ပိုး သည့် သွင်းကုန်ပစ္စည်းများအတွက် ကုန်စည်စီးဆင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွင်း စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အားကစားသမားနားနေဆောင် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၂၆           ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြို့ / ရွာများ သန့်ရှင်းသာယာလှပလာစေရေး အတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၆ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။           ထို့သို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ပြည်နယ်ဝန်ကြီးများသည် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၏ သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူသိမ်းဆည်းခြင်းနှင့် ရေနုတ်မြောင်းများ တူးဖော် ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၊ ခရိုင် အတွင်း သီးထပ်စွမ်းအား စိုက်ပျိုးနိုင်ရေး

ဗန်းမော်         သြဂုတ် ၂၅           ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ရေးဂိတ် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ခရိုင်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးအတွက် သီးထပ် သိးညှပ်များ စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းသည် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၄ ရက် က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။      &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသဝမ်းစာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ ပေါင်းစပ်ဆောင်ရွက်ပေး

မြစ်ကြီးနား     သြဂုတ် ၂၅           မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ပူတာအိုဒေသဝမ်းစာဖူလုံရေးနှင့် ဒေသတွင်း ကဏ္ဍပေါင်းစုံ/ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ပူတာအိုဒေသရပ်မိ/ရပ်ဖများနှင့် သြဂုတ် ၂၅ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုဒေသအား (၃)နှစ်အတွင်း ဒေသဝမ်းစာဖူလုံစေရေးအတွက် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပူတာအိုဒေသအတွင်း သွားလာရခက်ခဲပြီးဝေးလံသောနေရာများစွာ ကျန်ရှိသေးသဖြင့် မိမိတို့အနေ ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေကျပ် ၁၁၃၅ သန်းခွဲဝေချထားပေးခဲ့ပြီး ဒေသအတွက် တစ်နေ့လျှင် (၁၈)တန်ကျ ဆန်စက်ကိုလည်း တည်ထောင်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ကိုလည်း ကဏ္ဍပေါင်းစုံမှ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဗန်းမော်ခရိုင် အတွင်းရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ တွေ့ဆုံ

ဗန်းမော်         သြဂုတ် ၂၄           ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးအထူးအဖွဲ့ များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပြည်ပပို့ကုန် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဓိကထား ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် သြဂုတ် ၂၃ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။      &Read More