ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၃၀

          ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို သြဂုတ် ၃၀ ရက် နံနက် ၉ နာရီက တက္ကသိုလ်ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။

          ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ် ကျောင်းသား/ ကျောင်းသူ လူငယ် လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အားကိုးရဆုံးဖြစ်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သည့်အတွက် အပေါင်းအသင်းမှားခြင်း၊ အတွေးအခေါ်လွဲမှားခြင်းတို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲ ခြင်း၊ လောင်းကစားပြုလုပ်သည့် လမ်းမှားမရောက်အောင် မိမိတို့အနေဖြင့် ကြိုးစားထိန်းကြောင်း သွားရမည်ဖြစ်ပါကြောင်း၊ ယခုလို အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပေးခြင်းဖြင့် မျိုးဆက်သစ် လူငယ်များကို အညွန့်ချိုးနေသည့်၊ ကောင်းကျိုးမပေးသည့် မူးယစ်ဆေးဝါးဆိုးကျိုးနှင့် အန္တရာယ်ကို ကောင်းစွာသိရှိနားလည် သဘောပေါက်ပြီး တတ်မြောက်ထားသည့် ပညာဖြင့်ဘဝကို အောင်မြင် ပြည့်စုံအောင် တည်ဆောက်ကာ မိမိတို့နေထိုင်ရာဒေသဖြစ်သည့် ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင်ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း မှာကြားသည်။

          ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ဟောပြောပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့် အလေးထား လေးစားလိုက်နာကျင့်သုံးသွားရမည့် နည်းလမ်းများကို ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တက္ကသိုလ် စာကြည့်တိုက်နှင့် မြန်မာစာဌာနစာကြည့်တိုက်တို့အတွက် လှူဒါန်းသည့် သုတ၊ ရသစာအုပ်များအား တက္ကသိုလ်ပါမောက္ခချုပ်နှင့် မြန်မာစာပါမောက္ခဌာနမှူးတို့ထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။

          ယင်းနောက် ကျောင်းသား/ ကျောင်းသူများအား အမျိုးသားစာပေဆု (လူငယ်စာပေဆု)ရ စာရေးဆရာ အကြီးကိုကို(ကသာ)က လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို အသိ ပညာပေးဟောပြောသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ဧရာ ရပ်ကွက်အတွင်းရှိ ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက် များနှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့၏ လုပ်ငန်း တာဝန်များနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လည်း လက်ရှိကျင့်သုံးနေသည့် နိုင်ငံတော်၏မူဝါဒနှင့်အညီဖြစ်စေရေး အစဉ်လေ့လာဆည်းပူးနေကြ ရန်နှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေအရာရှိကျင့်ဝတ်များနှင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့ အတွက် မိမိတို့၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပေးကြရန် အလေးအနက်ထား တိုက်တွန်း လိုကြောင်း မှာကြားသည်။

          ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနက ပေးပို့လာသော ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ်တို့ ပြောကြားသည့် ဗီဒီယို Massage နှင့် ဥပဒေရေးရာဝန်ကြီးဌာန၊ အဆင့်ဆင့်သော ဥပဒေရုံးများ၏ လှုပ်ရှားဆောင်ရွက်မှ ဗီဒီယိုကလစ်များအား ကြည့်ရှုအားပေးခဲ့ကြပြီး ဥပဒေအရာရှိ များနှင့် ဝန်ထမ်းများက ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ ဂုဏ်ပြုတေးသီဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ် က ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။

          ယင်းနောက် ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးက နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် အတူ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များပါဝင်၍ စီတာပူမနောကွင်း သန့်ရှင်းသာယာလှပလာစေရေး မနောကွင်းအတွင်းနှင့် အပြင်တို့တွင် သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။