ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘက်စုံအားကစကားပြိုင်ပွဲများပြန်လည်ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘက်စုံအားကစကားပြိုင်ပွဲများပြန်လည်ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၂၉

          ကချင်ပြည်နယ်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ဘက်စုံအားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပပြုလုပ်ငန်းနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လူငယ်လူရွယ်များအတွက် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်လာစေရန်အတွက် အားကစား ကဏ္ဍသည် အရေးကြီးပါကြောင်း၊ အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကလည်း လမ်းညွှန်မှာကြားထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အားကစားပြိုင်ပွဲ များကို ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များအလိုက် ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး မိမိတို့ ကောင်စီအနေဖြင့် လိုအပ်သည်များကို အပြည့်အဝပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မှာကြားသည်။

          ယင်းနောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက (၂၁)နှစ် အောက် ခရိုင်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သွားမည့် အစီအမံများနှင့် ဘက်စုံအားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပသွားမည့်အစီအစဉ်များနှင့် ပြိုင်ပွဲများ၊ သင်တန်းများအတွက် လိုအပ်သည့် အခက်အခဲ များ၊ အားကစားပစ္စည်းများ သယ်ယူနိုင်ရေးကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက အားကစားဝတ်စုံများ ဖြည့်စည်းပေးရေး၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲများကျင်းပရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပနိုင်ရေးတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အားကစားပြိုင်ပွဲများ ကို ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ အတတ်နိုင်ဆုံး စည်းကားစွာကျင်းပပြုလုပ်နိုင် ရေး၊ လုံခြုံရေးကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရေးနှင့် ပြင်ပလူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင် ရာများပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်သွားရေး၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် နေ့ ရက်နှင့် လိုအပ်သည်များ ဖြည့်စည်းဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းဆုံးဖြတ်ပေးခဲ့သည်။