ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများလုပ်ငန်းညှိနှိုင်းစည်းဝေး

 ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများလုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဧပြီ ၂၉

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ်ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့ပြည်နယ်တွင် ယနေ့အထိ ပိုးတွေ့လူနာ (၁၁၃၇)ဦး နှင့် သေဆုံးသူ (၃)ဦးဖြစ်ပေါ်ခဲ့သည့်အတွက် အခြားပြည်နယ်တိုင်းများနှင့်ယှဉ်လျင် ထိန်းချုပ်ရေး လုပ်ငန်းတွင် အောင်မြင်သည်ကို တွေ့ရှိရပါကြောင်း၊ ကော်မတီများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးလုပ်ငန်းများကို ကော်မတီအလိုက်၊ မိမိတာဝန်အပိုင်းလိုက် တာဝန်ယူ ပေါင်းစပ်ပြီး ထိန်းချုပ်ရေးလုပ်ငန်းများကို ထပ်မံပြီး ဒီထက်မက ကြိုးစားဆောင်ရွက်ပေးရန် လို ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံး နှုန်းမှာ ၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလများတွင် ပြန်လည်မြင့်တက်လာကာ တတိယလှိုင်းအသွင် ဖြစ်ပွားလာသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့်ရောဂါကူးစက်မှုသိသာလျော့နည်းစေရန် ကာကွယ် ဆေးအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာစေရေးအတွက် အရှိန်အဟုန်တိုးမြှင့်ပြီး လုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆကလြကြ၍ ကောမြတီအတှငြးရေးမှူး၊ ပှညနြယကြောငစြီအဖှဲ့ဝငြ ဗိုလမြှူးကှီးကွောလြငြး အောငကြ ပှညနြယကြောမြတီနှင့ြ လုပငြနြးဆပကြောမြတီမွား ဖှဲ့စညြးထားရှိမှုနှင့ြ လုပငြနြးတာဝနမြွား၊ ပှညနြယအြတှငြး ကိုဗဈ-၁၉ ကာကှယြ၊ ထိနြးခွုပြ၊ ကုသရေးအတှကြ လုပငြနြးဆောငရြှကခြဲ့မှုမွားနှင့ြ ကိုဗဈ-၁၉ ဖှဈပှားခဲ့မှုအခှအနေတေို့ကို ရှငြးလငြးဆှေးနှေးပှီး ကောမြတီတှဲဖကအြတှငြးရေးမှူး၊ ပှညြ နယကြောငစြီအတှငြးရေးမှူး ဦးခငမြောငလြေးက ကိုဗဈ-၁၉ ကာကှယရြေးအတှကြ ထိရောကသြည့ြ အသိပညာပေး လုပငြနြးမွားတိုးမှှင့ဆြောငရြှကနြိုငရြေးတို့ကို ဆှေးနှေးတငပြှကှသညြ။

          ယင်းနောက် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီ (၈)ခုမှ ကော်မတီအတွင်းရေးမှူးများက ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုံခြုံရေး၊ သွားလာမှုကန့်သတ်ထိန်းချုပ် ရေး၊ နယ်စပ်ဝင်/ထွက်မှုထိန်းချုပ်ရေး၊ ရောဂါစောင့်ကြည့်ထိန်းချုပ်မှုနှင့် ကုသရေး၊ အသိပညာပေး ရေး၊ စိတ်ဓာတ်မြှင့်တင်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုများ၊ အသွားအလာ ကန့်သတ်သည့်နေရာများတွင် ပူးပေါင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ စားနပ်ရိက္ခာ စုစောင်းရရှိမှုအခြေအနေနှင့် ဘဏ္ဍာငွေရှိဖွေရရှိ/သုံးစွဲမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပြီး မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် ကော်မတီများက ဒေသအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွား မည့်အစီအမံများ၊ လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ကြရာ ပြည်နယ်ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေးကို ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များ ကို ကျေပွန်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရေး၊ လိုအပ်သည့်အခက်အခဲများအပေါ် အချင်း ချင်းညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးဆုံးဖြတ်ပေးခဲ့သည်။