ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်းရှိ IDPs စခန်းများ၌ နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ဆန်အိတ်များသွားရောက်ထောက်ပံ့

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်းရှိ  IDPs စခန်းများ၌ နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ဆန်အိတ်များသွားရောက်ထောက်ပံ့

မြစ်ကြီးနား     မေ ၁

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  မေ ၁ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်းရှိ တြီနီတီနှစ်ခြင်းအသင်းတော် IDPs Camp နှင့် စိန့်ဂျိုးဇက် IDPs Camp များသို့ သွားရောက်၍ နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ဆန်အိတ်များထောက်ပံ့ပေး အပ်ခဲ့ကြသည်။

          ရှေးဦးစွာ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု တြီနီတီနှစ်ခြင်းအသင်းတော် IDPs စခန်း၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စခန်းအတွင်းရှိ နေရပ်စွန့်ခွာပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက် နေသကဲ့သို့ နေရပ်စွန့်ခွာပြည်သူများ၏ နေထိုင်စားသောက်မှုအဆင်ပြေစေရေးကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယခုလိုကာလတွင် မိမိတို့အနေဖြင့် တတ်နိုင်သလောက် ထောက်ပံ့ပေးအပ်ရခြင်းသည် နေရပ်စွန့်ခွာပြည်သူများနှင့်အတူ ရပ်တည်နေသည်ကို သိရှိစေလိုပါ ကြောင်း၊ ထို့အပြင် အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် မိမိတို့ ကလေးများကို ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားခွင့်ရရေးကို အလေးထားဆောင်ရွက်ကြစေလို ကြောင်း၊ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက်ကိုလည်း ကြိုတင်ကာကွယ်မှုများလုပ်ဆောင် ကြစေလိုကြောင်း အားပေးပြောကြားသည်။

          ယင်းနောက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက အသီးသီးနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စခန်းအတွင်းရှိ အိမ်ထောင်စု (၁၉၈)၊ လူဦးရေ ၉၇၀ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၁၉၈)သိန်းနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ဆန်အိတ်ပေါင်း (၁၀၃)အိတ်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ နေရပ်စွန့်ခွာပြည်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နေရပ်စွန့်ခွာပြည်သူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပလနကျေးရွာအတွင်းရှိ စိန့်ဂျိုးဇက် IDPs စခန်းသို့ သွားရောက်ကြပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စခန်းအတွင်းရှိ နေရပ်စွန့်ခွာအိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး အဆိုပါ စခန်းအတွင်းရှိ အိမ်ထောင်စု ၄၀၅ စု၊ လူဦးရေ ၂၂၉၉ ဦးတို့အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထောက်ပံ့ငွေကျပ် ၄၀၅၀၀၀၀ နှင့် ပြည်နယ် ကောင်စီအဖွဲ့ဝင်များက ဆန်အိတ်ပေါင်း (၂၀၇)အိတ်ကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ နေ့ရပ်စွန့် ခွာပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။