ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ ပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ ပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၁၇

          ကချင်ပြည်နယ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အားကစား တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပပြုလုပ်နိုင် ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာ ပြည်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မေ ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ဘက်စုံအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ရာတွင် မြန်မာ့ရိုးရာလက်ဝှေ့ လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ကိုလည်း အလေးထားဆောင်ရွက်ရန်လက်ဝှေ့စိန်ခေါ်ပွဲကို ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုး ရာလက်ဝှေ့ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် မိမိတို့အနေဖြင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးနိုင်ရေးကို ပွင့်လင်းရင်းနှီးစွာ တင်ပြစေလိုပါကြောင်း မှာကြားသည်။

          ထို့နောက် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်(အထက်မြန်မာပြည်)မှ ဥက္ကဋ္ဌ ဦးကျော်မင်းခိုင်က လက်ဝှေ့ပွဲကျင်းပပြုလုပ်သွားမည့် ပွဲစဉ်နှင့် တွဲဆိုင်းများ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လို အပ်သည့် အထောက်အပံ့အကူအညီများရရှိ‌ရေးကိုတင်ပြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနမှ စိန်ခေါ်ပွဲကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် ကစားသမားများတည်းခိုနေထိုင်ရေး စီမံထားရှိ မှုအခြေအနေတို့ကို တင်ပြသည်။

ယင်းနောက် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ဦးမျိုးဆွေနှင့် ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေးတို့က မြန်မာ့ရိုးရာလက်ဝှေ့ပွဲကျင်းပပြုလုပ်ရေးစီမံမှုများအပေါ် လုံခြုံ ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားသမားများ တည်းခိုနေထိုင်စားသောက်ရေး၊ ပြိုင်ပွဲတစ်လျှောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သွားနိုင်ရေးနှင့် ပြိုင်ပွဲ ကျင်းပမှုအစီအစဉ်များနှင့် ပတ်သက်၍  ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး၊ တည်းခိုနေထိုင်စား သောက်မှုအဆင်ပြေစေရန် ကူညီထောက်ပံ့ပေးနိုင်ရေး၊ အမျိုးသမီးတွဲဆိုင်း ထည့်သွင်းကျင်းပရေးနှင့် လက်ဝှေ့စိန်ခေါ်ပွဲကို အများပြည်သူ အခမဲ့ ကြည့်ရှုအားပေးနိုင်ရေးနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထက်မြန်မာပြည် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့အကြား ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မြစ်ကြီးနားမြို့၌ မေ ၃၀ ရက် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး နာမည်ကြီးရွှေခါးပတ်ချန်ပီယံ၊ ဆီဂိမ်းလက်ရွေးစင်၊ ရွှေတံဆိပ်ဆုရကစားသမားများပါဝင် သည့် တွဲဆိုင်း(၈)ဆိုင်းအပြင် မျိုးဆက်သစ်ကစားသမားတွဲဆိုင်း(၄)ဆိုင်း၊အမျိုးသမီးတွဲဆိုင်း(၁)ဆိုင်း တို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့်ပွဲစဉ်များကိုအများပြည်သူအခမဲ့ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။