ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဂျာမိုင်ကောင်းနေရပ်စွန့်ခွာစခန်းနေပြည်သူများ အတွက် ပန်းခင်းစီမံချက်ဖြင့် ‌ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဂျာမိုင်ကောင်းနေရပ်စွန့်ခွာစခန်းနေပြည်သူများ အတွက် ပန်းခင်းစီမံချက်ဖြင့် ‌ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

မြစ်ကြီးနား     မေ ၂၂

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်းရပ်ကွက်အတွင်းရှိ ဂျာမိုင် ကောင်း (KBC) နေရပ်စွန့်ခွာစခန်း၌ စခန်းနေပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ် ပြားများပေးအပ်ခဲ့ပြီး ဆန်အိတ်များထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့်  ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ပြည်သူတွေအားလုံးသိအောင် အသိပေးထုတ်ပြန်ခဲ့ပြီး လုပ်ငန်းစဉ် များအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရ ရှိသေးသည့် တိုင်းရင်းသားများကို နိုင်ငံသားစိစစ်ရေးကတ်ပြား အမြန်ဆုံးရရှိရေး အထူးစီမံချက်အဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ရေးဆွဲပြီး တစ် နိုင်ငံလုံးတွင်ရှိသည့် တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးကို ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ယနေ့နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသည် ပြည်နယ်အတွင်း ပထမဆုံးပေးအပ်ခြင်း ဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင်များရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းကို ပြည်သူ လူထုအနေဖြင့် တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူး ဦးဝင်းရဲထွန်းက မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသား များအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကချင်ပြည်နယ်အတွင်း ဆောင် ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နေရပ်စွန့်ခွာစခန်းမှ ပြည်သူ(၅၄)ဦး တို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (၅၄)ကတ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဂျာမိုင်ကောင်း (KBC)စခန်း နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်အိတ် (၃၀)အိတ် နှင့် ငွေကျပ် ၅ သိန်းနှင့် ဂျာမိုင်ကောင်း(RC) နေရပ်စွန့်ခွာစခန်းအတွက် ငွေကျပ် (၅)သိန်းကို ထောက်ပံ့ ပေးအပ်သည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ် ၌ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး တက္ကသိုလ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ၊ သင်ကြားရေးဝန်ထမ်းများအတွက် နေ့လည်စာထမင်းဘူးများ ဖြန့်ဝေပေးအပ်ခဲ့ကာ နေလည်စာကို ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် အတူတကွ သုံးဆောင်ခဲ့ကြသည်။

          ထို့မှတစ်ဆင့် မြစ်ကြီးနားပညာရေဒီဂရီကောလိပ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအမံဖြင့် နေ့လည်စာ ထမင်းကျွေးမွေးနေမှုကို အားပေးကြည့်ရှုခဲ့ကြပြီး ကျောင်းအတွင်း လိုအပ်ချက် များကို ကျောင်းအုပ် ဆရာမကြီးနှင့် ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။