ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၂၄

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အောက်စီဂျင်လိုအပ်ချက် မြှင့်တက်မှုရှိလာသည်နှင့်အမျှ ပြည်နယ်အတွင်း အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦခက်ထိန်နန်က ကိုဗစ်-၁၉ ဖြစ်ပွားမှုများပြား လာသည်နှင့်အမျှ နေ့စဉ် အောက်ဆီဂျင်လိုအပ်ချက်သည် မြင့်တက်လာပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း အောက်စီဂျင်လုံလောက်မှုရှိစေရေးနှင့် ပြတ်လပ်မှုမဖြစ်ပေါ်စေရေး လိုအပ်ချက် များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် မဖြစ်မနေ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ အဖွဲ့အစည်းအသီးသီးအနေဖြင့် လည်းလိုအပ်ချက်များကိုပံ့ပိုးကူညီပေးနိုင်ရေးအတွက်ပွင့်ပွင့်လင်းလင်းဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

          ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က ပြည်နယ်အတွင်း အောက်စီဂျင်စုဆောင်းထားရှိမှု၊ လှူဒါန်းလက်ခံရရှိမှုနှင့် ပြည်နယ်အတွင်းရှိ စက်ရုံ(၃)ရုံတွင် လည်ပတ်ထုတ်လုပ်ပေးနိုင်မှုအခြေအနေများ၊ စက်ရုံများတိုးချဲ့ဆောက်လုပ်နိုင်နှင့် အောက်စီဂျင် လိုအပ်ချက် ပြည့်မီစွာ ဖြည့်ဆည်းနိုင်ရေး တရုတ်နိုင်ငံနှင့် ချိတ်ဆက်မှာယူဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် တက်ရောက်လာကြသည့်  မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး၊ ပြည်နယ်စက်မှု ကြီးကြပ်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြစ်ကြီးနားမြို့ရှိ စိန်ကမ္ဘာအောက်စီဂျင်စက်ရုံပိုင်ရှင်၊ ပေးဆပ်သူလူမှုကူညီရေးအသင်းတာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများအတွင်း တက်ရောက်ကုသမှုခံယူနေသည့်အခြေအနေ၊ လူနာများအား အောက်စီဂျင်ပေးနေမှုနှင့် လိုအပ် ချက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ လူမှုကူညီရေးအသင်းနှင့် စက်ရုံများရှိ အောက်စီဂျင် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ဆွေးနွေးမှု များအပေါ် ပြည်နယ်ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးခင်မောင်လေးက မြို့နယ်များအလိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများ၊ အောက်စီဂျင်လိုအပ်ချက်အတွက် စက်ရုံများဆောက်လုပ်နိုင် ရေးစီမံဆောင်ရွက်ထားရှိမှုများနှင့် ပြည်နယ်ကော်မတီအတွင်းရေးမှူးက အောက်စီဂျင်စက်(၂)လုံး မကြာမီရရှိနိုင်တော့မည်ဖြစ်သည့်အတွက် လတ်တလော စက်ရုံ(၃)ရုံမှ ထွက်ရှိမှုကို ဖြန့်ဝေသုံးစွဲ သွားနိုင်ရေးတို့နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြကြသည်။  

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကအောက်စီဂျင်ပြတ်လပ်မှုမဖြစ်ပေါ်စေရေးဖြည့်ဆည်းနိုင်ရန်အတွက်အဖွဲ့အစည်းအသီးသီး နှင့် ချိတ်ဆက်ဆောင်ရွက်သွားရေး၊ စက်ရုံများအမြန်ဆုံးတိုးချဲ့ဆောက်လုပ်သွားနိုင်ရေးအတွက် လိုအပ်သည့် ကိစ္စရပ်များကို ပံ့ပိုးဆောင်ရွက်သွားရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

          ကချင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလနောက်ဆုံး အပတ်မှ ဇူလိုင် ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇၃၂ ဦး၊ သေဆုံးသူ ၁၂၀ ဦးနှင့် ကုသမှုခံယူဆဲ ၂၂၈၀ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၃၂ ဦးရှိကြောင်း၊ မြစ်ကြီးနားမြို့နယ်သည် ၈၅၈ ဦးဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့ပြားမှုအများဆုံးမြို့နယ်ဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်း ပုဂ္ဂလိကပိုင် အောက်စီဂျင်စက်ရုံ မြစ်ကြီးနားတွင် ၁ ရုံ၊ ဖားကန့်တွင် ၂ ရုံဖြင့် စုစုပေါင်း ၃ ရုံရှိပြီး နေ့စဉ် ၄၀ လီတာဆံ့အောက်စီဂျင်အိုး အလုံးရေ ၂၀၀ ကျော်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် အောက်စီဂျင်စက်ရုံအသစ်များတိုးချဲ့တည်ဆောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။