ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကုစားရေးအစီအစဉ် တစ်ရပ်အနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုနှင့် ပရဟိတဘာသာရေး ကျောင်း(၁၃)ကျောင်း၊ မိဘမဲ့ဂေဟာ(၂)ခုတို့ထံ အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်

 ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကုစားရေးအစီအစဉ် တစ်ရပ်အနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုနှင့် ပရဟိတဘာသာရေး ကျောင်း(၁၃)ကျောင်း၊ မိဘမဲ့ဂေဟာ(၂)ခုတို့ထံ အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၂၂

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကုစားမှုအစီအစဉ်တစ်ရပ်အနေဖြင့် ဝိုင်းမော်မြို့နယ်အ တွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုနှင့် ပရဟိတဘာသာရေးကျောင်း(၁၃)ကျောင်း၊ မိဘမဲ့ဂေဟာ (၂) ခုတို့ထံ ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များ ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          အဆိုပါ ကုစားရေးအစီအစဉ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ RC IDPs စခန်း၌ မိုင်းနားကျေးရွာအတွင်းရှိ နေရပ်စွန့်ခွာစခန်း (၅)ခုမှ တာဝန်ခံများ၊ အိမ်ထောင်စုများနှင့်တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် နေရပ်စွန့်ခွာစခန်းနေပြည်သူများ နေထိုင် စားသောက်မှုအခက်အခဲကို ဖြေရှင်းနိုင်ရေး မိမိတို့အနေဖြင့် ယခုလို တတ်နိုင်သလောက်လာ ရောက်ထောက်ပံ့ပေးအပ်ရခြင်းနှင့် စိတ်ဓာတ်ရေးရာအရ တွေ့ဆုံခွန်အားပေးရခြင်းဖြစ်ကြောင်း အားပေးစကားပြောကြားကာ စခန်း (၅)ခုရှိ အိမ်ထောင်စု ၁၃၀၅ စု၊ လူဦးရေ ၇၂၉၇ ဦးတို့အတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များ၊ Hand Gel များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ဝိုင်းမော်မြို့နယ် အမှတ် (၄)ရပ်ကွက်အတွင်းရှိ သာဂရလီဆူစခန်းသို့ သွား ရောက်ပြီး အိမ်ထောင်စု (၄၆)စု၊ လူဦးရေ ၁၉၄ ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့ကြပြီး ခတ်ချိုကျေးရွာဘုန်းတော်ကြီးကျောင်း၌မြို့နယ်သံဃာနာယကဆရာတော်နှင့်သံဃာ တော်များအား ဖူးမျှော်ကြည်ညိုပြီး သြဝါဒခံယူကြကာ ဘုန်းတော်ကြီးကျောင်း(၇)ကျောင်းအတွက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထိုမှတစ်ဆင့်  ခတ်ချိုကျေးရွာအတွင်းရှိ နေရပ်စွန့်ခွာစခန်း၌ စခန်းနေမိသားစုများအတွက် လည်းကောင်း၊ ဝိုင်းမော်မြို့ အမှတ် (၃)ရပ်ကွက်တွင်းရှိ ချမ်းမြေ့သီလရှင်မိဘမဲ့ဂေဟာကျောင်း၌ မြို့နယ်အတွင်းရှိ မိဘမဲ့ဂေဟာ (၂)ခုနှင့် မျက်မမြင်အိမ်ထောင်စု (၅)စုတို့အတွက် လည်းကောင်း၊ အမှတ် (၁)ရပ်ကွက် ခါတန်မြတ်ပန်းတိုက်ပရဟိတဘုန်းတော်ကြီးကျောင်း၌ ဘုန်းတော်ကြီး ကျောင်း (၆)ကျောင်းအတွက် လည်းကောင်း၊ မိုင်းနားကျေးရွာ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း ၌ လည်းကောင်း ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားလာ သည့်အတွက် နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကုစားမှုအစီအစဉ်တစ်ရပ်အနေဖြင့် ယနေ့ ထောက်ပံ့ပေးအပ်မှုတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုမှ အိမ်ထောင်စု ၂၁၅၁ စု၊ လူဦးရေ ၁၁၄၇၈ ဦးတို့အတွက်နှင့် ပရဟိတဘုန်းတော်ကြီးကျောင်း(၁၃)ကျောင်းနှင့် မိဘမဲ့ ဂေဟာ(၂) ခုတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ငါးသေတ္တာ၊ ကြက်ဥ၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်များအပါအဝင် ဆပ်ပြာ၊ Hand Gel ၊ ဓာတ်ဆားထုတ်များ၊ အားဆေးများနှင့် ချောင်းဆိုးပျောက်၊ ဖျားနာပျောက်ဆေးရည်များကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။