ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ဝေးလံခက်ခဲသည့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုတိုးတက်လာစေ‌ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ဝေးလံခက်ခဲသည့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုတိုးတက်လာစေ‌ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပူတာအို         ဇန်နဝါရီ ၂၆

          မြန်မာပြည်မြောက်ဖျား ဝေးလံခက်ခဲ့သည့် ခေါင်လန်ဖူးဒေသအတွင်း လမ်းများဖောက် လုပ်ပြီးစီးမှုနှင့်မြို့နယ်ဖွံ့ဖြိုးတိုးတက်လာရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပူတာအိုမြို့မှ တစ်ဆင့် ခေါင်လန်ဖူးမြို့နယ်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

           ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပူတာအိုမြို့မှ နံနက် ၅ နာရီတွင် ခေါင်လန်ဖူးမြို့သို့ ထွက်ခွာခဲ့ကြပြီး နောင်မွန်မြို့နယ်အတွင်း မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ကဆန်ခချောင်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁)မှ တာဝန်ယူဆောင်ရွက်ရှိသည့် တံတားအမှတ် (၂/၁) မီတာ ၁၈၀ အရှည်ရှိ မဂွေဇတံတား တည်ဆောက်နေရေးလုပ်ငန်းခွင်အတွင်း တံတားတည် ဆောက်ပြီးစီးမှု၊ တည်ဆောက်ဆဲလုပ်ငန်းများနှင့် တံတား၏ A2 ဖက်ခြမ်းတွင် လမ်းဦးစီးဌာနမှ မီတာ ၄၀၀ အရှည် တံတားချဉ်းကပ်လမ်းနှင့် ရှင်းလင်းဆောင်သစ် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

          ထိုမှတစ်ဆင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ  လမ်းလုပ်ငန်းဆောင်ရွက်သည့် (၆၅/၄)မိုင် ဇီဝဒမ်လမ်းစီမံကိန်းရုံး၌ ဝန်ထမ်း များတွေ့ဆုံအားပေး ထောက်ပံ့ခဲ့ပြီး ပေ ၇၇၀၀ အမြင့်ရှိ ဆန်းလွတ်ချက်တောင်ကြားတွင် ဆိုင်းဘုတ်စိုက်ထူထားရှိမှုနှင့် ဗျူးပွိုင့်အဆောင် ဆောက်လုပ်ထားရှိမှု၊ ဆီးနှင်းများကျဆင်းပြီး ရေခဲပြင်များ ဖြစ်ပေါ်နေမှု၊ ဆန်းလွတ်ချက်တောင် ကြားလမ်း ၉ ထပ်ကွေ့ (နဝရတ်ကိုးကွယ်ကွေ့) ဆိုင်းဘုတ်များ စိုက်ထူပြီးစီးမှုနှင့် လုံးတုံတွင် ရဝမ်၊ လီဆူတိုင်းရင်းသားစုံတွဲရုပ်တုများဖြင့် ခေါင်လန်ဖူးဒေသမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် မဂွေဇ-ခေါင်လန်ဖူးလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ကြပြီး ညပိုင်းတွင် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိခဲ့ကြသည်။

          ထို့နောက် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေါင်လန်ဖူးမြို့၌ မြို့မြေတိုးချဲ့ရေး တောင်ပတ်လမ်းဖောက်လုပ်၍ မြေ ၁၅ ဧကခန့် ရှင်းလင်း ဆောင်ရွက်ထားရှိအခြေအနေများနှင့်စည်ပင်သာယာ‌ရေးအဖွဲ့မှ မြို့တွင်းလမ်းကွန်ကရစ်လှေကား ထစ်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ခေါင်လန်ဖူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲ ကျင်းပ ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အတွင်း ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်အစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ၊ ပူတာအို – ခေါင်လန်ဖူးလမ်းဖောက်လုပ် ပြီးစီးမှုအခြေအနေများနှင့် အရှိန်အဟန်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်း လင်းပြောကြားပြီး ခေါင်လန်ဖူးဒေသသည် ရေခဲတောင်များ ဝန်းရံထားသည့် ဒေသဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ရှိန်းခေါင်ဒေသတွင် နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများကိုလည်း ဖြစ်ထွန်းအောင်မြင်စေ‌ရေး ဒေသခံများနှင့် ဌာနဆိုင်ရာအားလုံးက အတူတကွ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် မြို့မိမြို့ဖပြည်သူတစ်ဦးမှ မြို့နယ်အတွက် လိုအပ်ချက်ရှိသည့် အခြေအနေများ ကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုလားချက်များနှင့် ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်ဝန် ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့က မြို့နယ်အဆင့်ဌာန ဆိုင်ရာများအတွက် ထောက်ပံ့ငွေကျပ်သိန်း (၅၀)နှင့် ဌာနဆိင်ရာတာဝန်ခံ ၂၁ ဦးတို့အတွက် ငွေ ကျပ် ၂၁ သိန်း၊ ယန္တရားမောင်းနှင်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံဧည့်ခံကျွေးမွေးရေး အဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၁၀)သိန်းနှင့် နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူး အတွက် ငွေကျပ် ၁ သိန်းနှင့် အားကစားပစ္စည်းများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံမြို့မိမြို့ဖတို့အတွက် ဆောင်းတွင်းဝတ် အနွေးထည် အင်္ကျီများ၊ ခေါင်းစွပ်နှင့် ခြေအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေါင်လန်ဖူးမြို့တွင်းလမ်း တိုးချဲ့ဆောင် ရွက်ထားရှိမှု၊ မြို့ဈေးတည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင် ရွက်လျက်ရှိသည့် ခေါင်လန်ဖူးမြို့ဝင် ဆိုင်းဘုတ်နှင့် အလှပန်းခြံတည်ဆောက်နေမှု၊ မုဒ်ဦးတည် ထောက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား ခဲ့သည်။