ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုခရိုင်အတွင်း ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုခရိုင်အတွင်း ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့

ပူတာအို         ဇန်နဝါရီ ၂၇

          ပူတာအိုခရိုင်အတွင်းရှိ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ အားပေး ထောက်ပံ့ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့က ဇန်နဝါရီ ၂၆ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့သည် ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ သို့သွားရောက်ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် လည်းကောင်း၊ မြို့မရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ အမှုဆောင်အရာရှိ၊ စည်ပင်သာယာရေးဝန် ထမ်းများနှင့် လည်းကောင်း တွေ့ဆုံအားပေးစကားပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်း၊ စည်ပင်သာယာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၃)သိန်း နှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဝန်ထမ်းများအတွက် ဆောင်းဝတ်အနွေးထည်များ၊ ခေါင်းစွပ်များနှင့် ခြေအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ဖုန်ကန်ရာဇီခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်အတွင်းရှိပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီး သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၇၇၃ ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၁၅၃ ခု ပေးအပ် ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက ပန်းခင်း စီမံချက်ဖြင့် ပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို ပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဒေသခံပြည်သူများအား နိုင်ငံသားစိစစ် ရေးကတ်ပြားများကို အသီးသီးပေးအပ်ခဲ့ကြရာ ဒေသခံပြည်သူများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          ယင်းနောက် ပူတာအိုမြို့နယ်၊ လမ်းတောင်ကျေးရွာအုပ်စုအတွင်းရှိ နေရပ်စွန့်ခွာပြည်သူ များအား ပြန်လည်နေရာချထားပေးသည့် ဇီဒမ်းကျေးရွာသို့ သွား‌ရောက်ပြီး ကျေးရွာခန်းမဆောင်၌ အိမ်ထောင်စုများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားပေးစကားများ အသီးသီးပြောကြားခဲ့ကြကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု (၈၈)စုတို့အတွက် ငွေကျပ် (၈၈)သိန်း၊ ဆန် ၁၃၄ အိတ် ၉ ပြည်၊ ဆားသုံးဆီနှင့် ကုလားပဲ ၁၇၆ ပိဿာ၊ ဆား ၈၈ ပိဿာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ မွေးမြူရေးအထောက်အကူပြုဆေးဝါးများ၊ အားကစား ပစ္စည်းများ၊ ဆောင်းတွင်းဝတ်အနွေးထည်များနှင့် ခြေအိတ်နှင့် ခေါင်းစွပ်များကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒေသခံများအား ခေါင်းစွပ်များကို ရင်းရင်းနှီးနှီး ဝတ်ဆင်ပေးခဲ့ကြ သည်။

          ထို့နောက် ပူတာအိုခရိုင် ဧည့်ရိပ်သာခန်းမ၌ ပူတာအိုခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၈)သိန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၄ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။