ကချင်ပြည်နယ်အတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများ စိစစ်ခွင့်ပြုပေးနိုင်ရေးနှင့် ခရီးသွား လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများ စိစစ်ခွင့်ပြုပေးနိုင်ရေးနှင့် ခရီးသွား လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇန်နဝါရီ  ၂၈

          ကချင်ပြည်နယ်အတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ခရီးသွားလုပ်ငန်းများနှင့် သက်ဆိုင်သည့် လုပ်ငန်းများ စိစစ်ခွင့်ပြုပေးနိုင်ရေးနှင့် ခရီးသွား လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတို့အတွက် ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်၏ သဘာဝအလှအပများသည် ခရီးသွား လုပ်ငန်းဖြင့် အောင်မြင်ဖွံ့ဖြိုးလာနိုင်သည့်အတွက် မိမိတို့ဒေသ၏ အထင်ကရနေရာများကို ဒေသ တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားများ ပိုမိုစိတ်ဝင်စားမှုရှိလာစေရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် စိစစ်ခွင့်ပြုပေးရမည့် လုပ်ငန်းများအပေါ် ကြန့်ကြာမှုမရှိစေရေးနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေးကိုလည်း ကော်မတီအဖွဲ့ဝင်များ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းအခြေအနေများ၊ ခရီးသွား လုပ်ငန်းမြှင့်တင်ဆောင်ရွက်မှုအခြေအနေများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လိုင်စင်ဆိုင်ရာများ ခွင့်ပြုပေးနေမှုအခြေအနေများနှင့် ကော်မတီသို့ တင်ပြလျှောက်ထားလာသည့် ဟိုတယ်/တည်းခို ရိပ်သာ၊ ခရီးလှည့်လည်ရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်အသစ်၊ သက်တမ်းတိုး၊ ပယ်ဖျက်ခြင်း လုပ်ငန်းများအပေါ် ဆုံးဖြတ်အတည်ပြုပေးနိုင်ရေး တင်ပြရာ တက်ရောက်လာ သည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် သုံးသပ်ဆွေးနွေးတင်ပြကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်များနှင့် ပတ်သက်၍ အတည်ပြုနိုင်ရေး၊ ပြည်နယ်၏ ခရီးသွားကဏ္ဍမြှင့်တင်ရာတွင် လူမှုကွန်ယက်မှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးတို့ကို ကော်မတီအဖွဲ့ဝင်များအကြား ပေါင်းစပ် ညှိနှိုင်း၍ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၂၇ ရက်တွင် မြစ်ကြီးနားတက္ကသိုလ်၌ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဇန်နဝါရီ ၁၈ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား (၈၈)ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောဂါစစ်ဆေးရှာဖွေခြင်း၊ တက္ကသိုလ်တွင်း အသွားအလာ ကန့်သတ်ထားခြင်းတို့ကို ဆောင်ရွက်ထားခဲ့သည့် နေရပ်ပြန်ပြည်သူများနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကာ ၎င်းတို့၏ နေရပ်မြို့များ သို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၁/၂၀၂၂)သို့တက်ရောက်ပြီး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည့် ရွှေဖြူဆောက်လုပ်ရေးကုမ္ပဏီလီမိ တက်၏ BOT စနစ်ဖြင့် ရုံးခန်း၊ ဈေးဆိုင်ခန်းများ တည်ဆောက်ဖွင့်လှစ်ရေး ဆောင်ရွက်ခြင်းလုပ် ငန်းအပေါ်  ကွင်းဆင်းတွေ့ရှိချက် အစီရင်ခံစာကို လည်းကောင်း၊ ကချင်ပြည်နယ်တွင် စက်မှုဇုန် တစ်ခု ပေါ်ပေါက်လာရေးကို လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် ပြည် နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအပေါ် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်းနှင့် စက်မှုဇုန်တစ်ခု ဖြစ်ပေါ်လာရေးအတွက် မိမိတို့အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရသည်။