ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေး ICRC အဖွဲ့အား လက်ခံတွေ့ဆုံ

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေး ICRC အဖွဲ့အား လက်ခံတွေ့ဆုံ

မြစ်ကြီးနား     မတ် ၃၁

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ အပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအတွက် မတ် ၃၁ ရက် နံနက် ၁၀ နာရီ တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဒုတိယဌာနေကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။

          ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ICRC မှ မြန်မာနိုင်ငံဒုတိယဌာနေကိုယ်စားလှယ်၊ ကချင်ပြည်နယ်တာဝန်ခံနှင့် အဖွဲ့တို့က ပြည်နယ်အတွင်း ‌နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းစဉ်များအတွင်း ပူးပေါင်းဆောင်ရွက်နေမှုကိစ္စရပ်များ၊ ICRC ၏ အကူအညီပေးရေး လုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေး၊ သောက်သုံးရေရရှိရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အထောက်အပံ့အကူအညီဖြစ်စေရေး လုပ်ငန်းစီမံချက် များ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် ကာကွယ်ရေးသုံးပစ္စည်းများ ကူညီထောက်ပံ့ပေးနေမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေ များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဒေသခံများအတွက် ကူညီ ထောက်ပံ့မှုပေးရေး လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရာတွင် အမှန်တကယ်အကျိုးရှိ ထိရောက် အောင်မြင်သည့် စီမံကိန်းများဖြစ်စေရေး၊ ပွင့်လင်းမြင်သာစွာဖြစ်စေရေးနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။