ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     မတ် ၃၁

          ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ကော်မတီ၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအပေါ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ်နှံ မှုကော်မတီ၏ (၂/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီခွဲ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြား သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများကို ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုပေးနိုင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးချက်များနှင့် ပတ်သက်၍ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပွင့်လင်းမြင်စွာ ချပြဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက်ကော်မတီအတွင်းရေးမှူး၊ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန်းကြားမှူးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြည်နယ်ကော်မတီ၏၁/၂၀၂၂ အစည်းအဝေး ဆုံးဖြတ်ချက်များပါ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတို့ကို စစ်ဆေးခဲ့သည့် ချီဖွေငယ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် နိုင်ငံတကာအရည်အသွေးမီ ပါရှီးငှက်ပျောစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ဖြန့်ဖြူးခြင်းလုပ်ငန်းများအပေါ် ကွင်းဆင်းစစ်ဆေးတွေ့ချက်များကို တင်ပြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။