ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးပြီး မြစ်ကြီးနားစီးပွာရေးဇုန်စီမံကိန်း ဘက်စုံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်‌ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးပြီး မြစ်ကြီးနားစီးပွာရေးဇုန်စီမံကိန်း ဘက်စုံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်‌ရောက်

မြစ်ကြီးနား     ဇွန် ၈

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးအတွက် အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ  ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ဇွန် ၈ ရက် နံနက် ၁၀ နာရီခွဲက ကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုသို့ ကြည်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အခြေခံပညာအထက် တန်းကျောင်း၌ အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသားကလေးငယ်များအား ကျန်းမာ ရေးဝန်ထမ်းများက လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး ကျောင်းသား မိဘများ ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ကြည့်ရှုအားပေးခဲ့ကြကာ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များ အတွက် ‌ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းဧရိယာအတွင်း မြေနိမ့်ပိုင်းဖြစ်ပေါ်နေသော နေရာအား မြေစာဖို့၍ အသုံးပြုနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ခလရ (၃၇)ကျောင်း၌ လည်းကောင်း၊ ရွှေညောင်ပင်ရပ်ကွက်ရှိ အမှတ် (၁၁) အခြေခံပညာအထက်တန်း ကျောင်း၌ လည်းကောင်း ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီမှုဖြင့် ကျောင်းသားကလေးငယ်မျးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပါဝင်ကူညီဆောင်ရွက်သူအားလုံးအတွက် ထောက်ပံ့ငွေ များကို ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနားစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ ဘက်စုံပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာ အနီး မြစ်ကြီးနားစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ထိန်ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်တို့အကြား နားလည်မှုစာချွန်လွှာ MoU ရေးထိုးထားခဲ့ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်နယ်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိရာ ယနေ့အစည်းအဝေးတွင် စီးပွားရေးဇုန်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီးပွားရေးဇုန် စီမံကိန်း အတွက် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက မြစ်ကြီးနားစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက စီးပွားရေးဇုန် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ လျာထားမြေနေရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်းဆောင်ရွက် သွားရမည့်ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပ‌ဒေနှင့် အမိန့်ညွှန်ကြားချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားရေး၊ လျာထားမြေနေရာတွင် မြေယာပိုင်ဆိုင်မှုရရှိရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားရန်၊ စီးပွားရေးပညာရှင်များနှင့် ညှိနှိုင်း ဆွေးနွေး၍ အကြံပြုချက်များရယူနိုင်ရေး၊ လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရှိရသည်။