ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဒေသခံစီးပွားရေးလုပ်ငန်းရှင် များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား သြဂုတ် ၂
ကချင်ပြည်နယ်၏ ဘောလုံးအားကစားသမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ကြီးမှူး၍ ဒေသတွင်း ဘောလုံးအားကစား တိုးတက်မြင့်မားရေး၊ လူငယ်/လူရွယ်များ အားကစားတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် ဘောလုံးကလပ်အသင်း ၁၂ သင်းဖြင့် (၃)လကြာ ကျင်းပပြုလုပ်ခဲ့သည့် မနောလိဂ်အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲ စဉ်နှင့် ဆုချီမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၁ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ အမှတ်ပေး ဖလားနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် Kachin Real နှင့် Junior Star ကလပ်အသင်း တို့မှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ကလပ်အသင်းနှစ်သင်း၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အမှတ်ပေးလိဂ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ ကြသော ဌာနဆိုင်ရာများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကို လည်းကောင်း၊ ပြည်နယ် အမျိုးသမီးအားကစားဆပ်ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်ဇနီး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများက အမှတ်ပေးဇယားအဆင့်အလိုက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က အကောင်းဆုံးနည်းပြုဆု၊ အကောင်းဆုံးကစားသမားဆုများ ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်ပေးဖလား ချန်ပီယံဆုရ Kachin Real အသင်း အား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊အမှတ်တရလက်ဆောင်နှင့်ချန်ပီယံဒိုင်းဆုတို့ အားပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။