ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေကျပ် သန်း(၇၀၀၀)ကျော်ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်  ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေကျပ် သန်း(၇၀၀၀)ကျော်ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်

မြစ်ကြီးနား     အောက်တိုဘာ ၂၅

          ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေကျပ်သန်း (၇၀၀၀)ကျော်အား သက်ဆိုင်ရာဌာန များသို့ လွှဲပြောင်းပေးအပ် ပွဲအခမ်းအနားကို    အောက်တိုဘာ  ၂၅ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဌာန (၄)ခုအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စုစုပေါင်း ရန်ပုံငွေကျပ်သန်း (၇၀၃၀)ကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း၊ ကျန်ရှိသည့် ရန်ပုံငွေများကို လည်း လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆက်လက်မတည်ရင်းနှီးပေးနိုင်ရေး ဆွေးနွေးဆုံးဖြတ်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများ အလေအလွင့် မဖြစ်စေရေး၊ ဘဏ္ဍာငွေများကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီသုံးစွဲနိုင်ရေး၊ ဆောင်ရွက်ရမည့်လုပ်ငန်းများအလိုက် ထိရောက်အကျိုးရှိစွာ အသုံးချသွားရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်မည့် ကျေးရွာ (၈၉)ရွာအတွက် မတည်ရန်ပုံငွေကျပ် သန်း(၄၁၆၀) ကိုလည်းကောင်း၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကျေးရွာ (၃၅)ရွာအတွက် ရန်ပုံငွေကျပ်သန်း (၁၈၆၀)ကို လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက မွေးမြူရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာ ၁၅ ရွာအတွက် ရန်ပုံငွေကျပ်သန်း (၈၆၀)ကိုလည်းကောင်း၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ငါးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကျေးရွာ(၅)ရွာအတွက် ရန်ပုံငွေကျပ်သန်း (၁၅၀)ကိုလည်းကောင်း စုစုပေါင်းဌာန(၄)ခုအတွက် ရန်ပုံငွေကျပ်သန်း (၇၀၃၀)ကို သက်ဆိုင်ရာ ပြည်နယ်ဦးစီးမှူးများထံ အသီးသီးလွှဲပြောင်းပေးအပ် ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ပြည်နယ်ဦးစီးမှူးများက နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က မတည်ပေးအပ်သည့် ရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေး လုပ်ငန်းတစ်ခုချင်းစီအလိုက် အောင်မြင်အောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ယနေ့ အခမ်းအနားတွင် ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၈)     ဘီလီယံဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၈၉ ရွာ၊ သမဝါယမလုပ်ငန်းဆောင်ရွက် မည့် ကျေးရွာ ၃၅ ရွာ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ (၁၅)ရွာနှင့် ငါးလုပ်ငန်းဆောင် ရွက်မည့် ကျေးရွာ ၅ ရွာတို့ဖြင့် ကျေးရွာပေါင်း (၁၄၄)ရွာအတွက် ရန်ပုံငွေများကို လွှဲအပ်ပေးခဲ့ခြင်း ဖြစ်ပြီး သတ်မှတ်ကျေးရွာများအလိုက် ကော်မတီများဖွဲ့စည်းပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်း တို့ကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရှိရသည်။