ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထွေထွေအုပ်ချုပ်ရေးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထွေထွေအုပ်ချုပ်ရေးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

မြစ်ကြီးနား     အောက်တိုဘာ ၂၆

          ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်‌‌ရေးဦးစီး ဌာနမှ အရာထမ်း/အမှုထမ်း အမျိုးသား/အမျိုးသမီး ဝန်ထမ်းများ၏ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နောင်ရာ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။

          ဗိုလ်လုပွဲအဖြစ် အမျိုးသား အုပ်စု(က) နှင့် အုပ်စု(ခ) အသင်းတို့၏ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့်တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ ကြရာ အုပ်စု(ခ) အသင်းက အုပ်စု(က) အသင်းအား ၈ ဂိုး ၄ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက ဒုတိယဆုရအမျိုးသား/အမျိုးသမီး အသင်းများနှင့်ပထမဆုရ အမျိုးသား/အမျိုးသမီး အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဒိုင်းဆုတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အရာထမ်း/အမှုထမ်းဝန်ထမ်းများ အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက်နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ်အဖြစ် အဆိုပါဖူဆယ်ဘောလုံးပြိုင်ပွဲအပါအဝင် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ အင်္ဂလိပ်စာနှင့်ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲများအပြင် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲနှင့် ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းသားသမီးများ နှင့် တစ်နှစ်တာအတွင်း ခွင့်မယူဘဲ ရုံးတက်အမှန်ဆုံးဝန်ထမ်းဆု၊ ဝန်ထမ်းအိမ်ရာသန့်ရှင်းရေးဆုများ၊ ပင်စင်စားဝန်ထမ်းဟောင်းများကိုလည်း ဆုလက်ဆောင်များပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။