ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများနှင့် MSME လုပ်ငန်းများတွင် ထုတ်ကုန် များပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများနှင့် MSME လုပ်ငန်းများတွင် ထုတ်ကုန် များပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ဗန်းမော်         ဖေဖော်ဝါရီ ၇

          ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက် မြှင့်မားလာစေရေး၊ ဗန်းမော်ခရိုင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက် နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် ရောဘတ် နှစ်ခြင်းအသင်း တော်ရုံး၌ ဗန်းမော်ဇုံနယ် နှစ်ခြင်းအသင်းတော် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သုဿန်မြေနေရာ ရရှိရေး၊ နေရပ်စွန့်ခွာပြည်သူများ နေထိုင်စားသောက်ရေးနှင့် ပြောင်းရွေ့နေရာချထားရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြကာ လိုအပ်သည်များကို ခရိုင်တာဝန်ရှိ သူများနှင့် ကွင်းဆင်းစိစစ်တင်ပြနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍  အဆိုပါ နှစ်ခြင်းအသင်းတော်ဝင်း အတွင်းရှိ ရောဘတ်မိဘမဲ့ဂေဟာ၌ ဂေဟာတာဝန်ရှိသူများ၊ ကလေးများနှင့် တွေ့ဆုံကာ ဂေဟာအတွက် လိုအပ်ချက်ရှိသည်များနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံအားပေးကာ ဂေဟာအဝင်လမ်း ခင်းပေးနိုင်ရေး၊ နေထိုင်စားသောက်မှု နှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဂေဟာအတွက် ထောက်ပံ့ငွေများနှင့် ဆန်အိတ် ၁၀ အိတ်၊ ခေါက်ဆွဲခြောက်များနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ကလေးများ အတွက် မုန့်နှင့် အချိုရည်ဘူးများ ဝေငှကျွေးမွေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခွန်သာရပ်ကွက်ရှိ ရေရှင်ပရဟိတကျောင်း၌ ကျောင်းသားလူငယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ကျောင်းသားများ အတွက် ထောက်ပံ့ငွေများနှင့် မုန့်နှင့် အချိုရည်ဘူးများကို ဝေငှကျွေးမွေးခဲ့ကြပြီး ရေရှင် ကျောင်းထိုင် ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ကျောင်းသား/ကျောင်းသူ များအတွက် ထောက်ပံ့ငွေများ၊ ဆန်အိတ် (၂၀)အိတ်၊ ခေါက်ဆွဲခြောက် (၁၀)ဖာနှင့် ကြက်ဥ (၁၀)ကဒ် တို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မင်းကုန်းရပ်ကွက်ရှိ ဗန်းမော်မြို့နယ်သမဝါယမ အသင်းစုပိုင် ပဲဆီသန့်လုပ်ငန်းခွင်အတွင်း အသေးစား ဆီစက်ဖြင့် ပဲဆီလည်ပတ်ထုတ်လုပ်နေမှု အခြေအနေများကို လည်းကောင်း၊ ညောင်ပင်ရပ်ကွက်အတွင်းရှိ နေမင်း ရွှေဗန်းမော် ပဲဆီသန့်စက်ရုံ၌ အကြီးစား ဆီကြိတ်စက်ဖြင့် စက်ရုံအတွင်း အဆင့်ဆင့် လည်ပတ်ထုတ်လုပ်နေမှုနှင့် တစ်ဆက်တစ် စပ်တည်း ကုန်ကြမ်းပစ္စည်းများဖြင့် ဆီဘူးများ ထုတ်လုပ်နေမှုကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကုန်ကြမ်းရရှိမှု၊ ရင်းနှီးမတည်ငွေနှင့် ထုတ်ကုန်ရောင်းချမှု အခြေအနေတို့ကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး ပဲဆီများကို သမဝါယမအသင်းစုများနှင့် ချိတ်ဆက်ရောင်းချနိုင်ရေး၊ ကုန်ကြမ်းလုံ လောက်မှု ရှိစေရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်မြို့ (၂)မိုင်အောင်သာ ရပ်ကွက်အတွင်း နေအိမ်သုံးကာလာသွပ်ပြားစက်ရုံ၌ သွပ်ပြားများ ထုတ်လုပ်နေမှုအခြေအနေကို လည်းကောင်း၊ အဆိုပါ ရပ်ကွက်အတွင်းရှိ Heaven ရေသန့်စက်ရုံ၌ ရေသန့်စက်ရုံလည်ပတ်ထုတ် လုပ်နေမှုနှင့် Apple ရေသန့်စက်ရုံ၌ ရေသန့်စက်လည်ပတ်ထုတ်လုပ်နေမှုများကို လည်‌ကောင်း လည် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ခိုင်မာမှုရှိစေရေး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် MSME လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် (၃)မိုင် ရွှေပြည်သာ ရပ်ကွက် မြို့ရှောင်လမ်းပေါ်ရှိ ဇေယျာလင်းနှင့် ညီများ ဝပ်ရှော့လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ ကို လည်းကောင်း၊ အဆိုပါ မြို့ရှောင်လမ်းပေါ်ရှိ အောင်ကောင်းဆက် ဆန်စက်၊ သုခစံ ဆန်စက်၊ အောင်ပြည့်ကျော် ဆန်စက်တို့၌ ဆန်စက်ကြီးဖြင့် ဆန်ချောထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး မြို့ရှောင်လမ်းပေါ်၌ မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းအတွင်း အရှည် (၁ ကီလိုမီတာ) လမ်းပိုင်း AC ကတ္တရာခင်းခြင်းဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊ ဗန်းမော်မြို့ တွင်းလမ်းပိုင် AC ကတ္တရာခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြကာ သစ္စာဆီစက်၌ စက်ရုံလည်ပတ်နိုင်မှု အခြေအနေအားလည်းကောင်း၊ ထိုမှတစ်ဆင့် ဟန်းတဲရပ်ကွက်အတွင်းရှိ ထွန်းညိုဦး ကြိမ်နှင့်ပရိဘောဂ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပေါက်ကုန်းရပ်ကွက်အတွင်း ဒေသထွက် သီးနှံများဖြင့် မိသားစုတစ်ပိုင်တစ်နိုင် MSME လုပ်ငန်းလက်မှတ်ရ Quince ဝိုင်နှင့် ယိုလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ သာစည် ရပ်ကွက်အတွင်းရှိ ရှမ်းမလေး ဝိုင်နှင့် ယိုလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအားလုံး ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်နှင့် အသိအမှတ်ပြု လက်မှတ်များထုတ်ပေးနိုင်ရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေးနှင့် လိုအပ်သည်များကို အသင်းအဖွဲ့အသီးသီး ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများသည် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ဗန်းမော်မြို့ မင်းကုန်းရပ်ကွက် သီရိမင်္ဂလာကန်ဦးပရိယတ္တိ စာသင်တိုက်၌ ဗန်းမော် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကန်ဦးဆရာတော်ဘန္ဒန္တကေသဝ ဦးဆောင်၍ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးလုပ်ငန်းအတွက် ဆေးအလှူတော်ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့မှုကို ပြည်နယ်ဝန်ကြီးချုပ် က လက်ခံရယူခဲ့ပြီး ဆရာတော်အား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

          ထို့နောက် ဗန်းမော်ခရိုင် မိုးလုံလေလုံအားကစားခန်းမ၌ အားကစားနည်းပြိုင်ပွဲများအတွက် အခင်းဆိုးပြားများ ထောက်ပံ့ပေးအပ်ခြင်းနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဗန်းမော်ခရိုင်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် အားကစားနည်း အလိုက် အောင်မြင်မှုရရှိလာစေရေး အားကစားအထောက် အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ် သွားမည်ဖြစ်သည့်အတွက် ဗန်းမော်ခရိုင်အနေဖြင့် အကျိုးရှိရှိ အသုံးချရန်လိုကြောင်း၊ ထိုအပြင် အားကစားကွင်း/ရုံများ အဆင့်မြှင့်တင်ပေးနိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ ပြိုင်ပွဲမှတစ်ဆင့်လည်း ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်မည့် အားကစာသမားများ ရွေးချယ်လေ့ကျင့် သွားရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ ဖွင့်ပွဲအထိမ်းအမှတ် လက်ဝှေ့အဖွဲ့နှင့် Fitness Dance ဖြင့် သရုပ်ပြဖော်ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက သရုပ်ပြဖျော်ဖြေတင်ဆက်သည့် အဖွဲ့များအတွက် ထောက်ပံ့ငွေများနှင့် လက်ဝှေ့ကြိုးဝိုင်းစင်နှင့် လက်ဝှေ့လေ့ကျင့်ရေးသုံးပစ္စည်းများ၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်အားကစားနည်းများအတွက် အခင်းဆိုးပြားများနှင့် ပြိုင်ပွဲအတွက် ထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် လျှပ်စစ်အသင်းနှင့် အောင်ချမ်းသာအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။