(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားခရိုင်အတွင်း ကဏ္ဍ အသီးသီးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းနှင့် လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှုအကောင်းဆုံး ပထမဆုရရှိခဲ့သော ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ ဆုချီးမြှင့်ပွဲကျင်းပ

 (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားခရိုင်အတွင်း ကဏ္ဍ အသီးသီးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းနှင့် လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှုအကောင်းဆုံး ပထမဆုရရှိခဲ့သော ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၇

          (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ပေးခဲ့ရာ မြစ်ကြီးနားခရိုင်အတွင်းမှ ဂုဏ်ထူးဆောင်ဆုရပုဂ္ဂိုလ်များ အား ဂုဏ်ထူးဆောင်ဆုလက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းအခမ်းအနားနှင့် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင် လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှုအကောင်းဆုံး ပထမဆု ရရှိသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အမျိုး သမီးရေးရာအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတု ကချင် ပြည်နယ်နေ့တွင် ဆုရရှိခဲ့ကြသော ပုဂ္ဂိုလ်များအားလုံး လက်ဝယ်အရောက် ချီးမြှင့်ပေးအပ်လိုသည့် အတွက် ခရိုင်အလိုက် ဆုများကို ယခုလို ပေးအပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ရှေ့ဆက်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သလို ဂုဏ်ပြုချီးမြှင့်ထိုက်သူများကိုလည်း ယခုကို ဂုဏ်ပြုချီးမြှင့်ပေးခြင်း အားဖြင့်လည်း  မျိုးဆက်သစ်လူငယ်များ အားကျအတုယူပြီး နိုင်ငံတော်နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး ကြိုးပမ်းထမ်း‌ဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း၊ထို့အပြင်မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သည့်  ကျေးလက်‌ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှု အကောင်းဆုံး ပထမဆုကို (၂)နှစ်ဆက်တိုက်ရရှိခဲ့သည့် ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များကိုလည်း မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ပြု ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ဆုများချီးမြှင့် အပ်နှင်းနိုင်ရေး စိစစ်ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ၊ မှတ်တမ်းတင်ဂုဏ်ပြု လွှာရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်)နှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်)ဆုရရှိသူများအား လည်းကောင်း၊ ပြည် နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာ ရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က စီမံခန့်ခွဲရေးဆိုင်ထူးချွန်ဆုရ (၅၅)ဦး၊ စီးပွားရေးဆိုင်ရာထူးချွန်ဆုရ (၁၇)ဦး၊ လူမှုရေးဆိုင်ရာထူးချွန်ဆုရ ၁၉ ဦးတို့နှင့် ဂုဏ်ပြုမှတ်တမ်း လွှာရရှိသူ ၅၇ ဦးတို့အားလည်းကောင်း အသီးသီးပေးချီးမြှင့်အပ်နှင်းခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်များက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၁၈ နှင့် ၁၉)ကြိမ် မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် အဖွဲ့ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည် ကျေးလက်‌ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင် ကချင်ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့က လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှုအကောင်းဆုံး ပထမဆု (၂)နှစ်ဆက်တိုက် ရရှိအောင် ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆုရရှိသူ များနှင့်အတူ နေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် (၈)နာရီက ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနရုံး မဂျွယ်ဂင်တောင်ခန်း၌ ရုံးဌာနများတွင် စာရင်းဇယားများ သိမ်းဆည်းပြီး ရှာဖွေထုတ်ကြည့်ရာတွင် ပိုမိုလွယ်ကူပြီး ရိုးရှင်းလွယ်ကူစွာအသုံးပြုနိုင်ရေးအတွက် Introduction to Database System သင်တန်းအမှတ်စဉ် (၁)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ သင်တန်း သည် ရုံးဌာနများတွင် စာရင်းဇယားများ သိမ်းဆည်းပြီး ပြန်လည်ရှာဖွေဖော်ထုတ်ကြည့်ရာတွင် အသုံးပြုသင့်သည့် Database များအတွက် မှန်ကန်မှုရှိခြင်း၊ လိုက်လျောညီထွေမှုရှိခြင်း၊ Data ကို အရိုးရှင်းဆုံး ပုံစံရောက်အောင်ပြုလုပ်နိုင်ခြင်း၊ လုံခြုံစိတ်ချရမှုနှင့် လူအများတပြိုင်နက် အသုံးပြုနိုင် သည့်အပြင်   နိုင်ငံတော်၏ E-Government စနစ်ကို အထောက်အကူပြုနိုင်ပြီး လူ့စွမ်းအားအရင်း အမြစ်မွေးထုတ်ပေးနိုင်သည့် သင်တန်းဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ သင်ယူကြရန် လိုကြောင်း မှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းခန်းမ၌ (၁)လကြာ ဖွင့်လှစ် သွားမည့် Introduction to Database System သင်တန်းတက်ရောက်သင်ကြားသည့် ဌာနဆိုင်ရာ များမှ သင်တန်းသား (၂၃)ဦး တို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် မြစ်ကြီးနားဇုန်အဆင့် တက္ကသိုလ်များ အမျိုးသားဘောလုံးပြိုင်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ယနေ့ပြိုင်ပွဲသည် အာဆီယံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲတွင် မိမိတို့နိုင်ငံအတွင်း ရှိတက္ကသိုလ်ပေါင်းစုံက အကောင်းဆုံး‌ဘောလုံးသမားများကို နေပြည်တော်တွင် ဇုန်အလိုက် ပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ တက္ကသိုလ်များမှ ထူးချွန်အားကစား အယောက်(၂၀)ကို ရွေးချယ်ယှဉ်ပြိုင်စေမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်ကိုယ်စားပြု မြစ်ကြီးနား ဇုန်ဖြစ်သည့်အတွက် ဆုတံဆိပ်များဆွတ်ခူးနိုင်အောင် အချင်းချင်း စည်းလုံးညီညွတ်စွာ စည်းကမ်း ရှိရှိ၊ သန့်ရှင်းစွာယှဉ်ပြိုင်ကစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြိုင်ပွဲဝင် တက္ကသိုလ်များမှ ဘောလုံးအသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြကာ ပြည်နယ်ဝန်ကြီးချုပ်အား ချီတက်အလေးပြုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဘောလုံးအသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် မြစ်ကြီးနားတက္ကသိုလ်နှင့် မိုးညှင်းတက္ကသိုလ် ဘောလုံးအသင်းတို့  စတင်ယှဉ်ပြိုင်ကစားနိုင်ရေး ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက ဘောလုံးကန်ဖွင့်လှစ် ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အားကစား ပစ္စည်းများနှင့် ဘောလုံးအသင်း နည်းပြနှင့် အုပ်ချုပ်သူများအတွက် ထောက်ပံ့ငွေများကို လည်း ကောင်း၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား ဟောင်းများကလည်း ပြိုင်ပွဲအတွက် ထောက်ပံ့ငွေများ ကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။