ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းမြို့ ဟဲလုံ-ပျော်ဘွယ်-တဲကြီးကုန်း-ပင့်သာ-ပင်းဟဲ ကွန်ကရစ်လမ်းသစ်၊ မိုးညှင်းတက္ကသိုလ် မုဒ်ဦးနှင့် ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာတို့အားဖွင့်လှစ်ပေး ပြီး ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားစေရေး ပေါင်းစပ်ညှိနှိုင်းဆွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းမြို့ ဟဲလုံ-ပျော်ဘွယ်-တဲကြီးကုန်း-ပင့်သာ-ပင်းဟဲ ကွန်ကရစ်လမ်းသစ်၊ မိုးညှင်းတက္ကသိုလ် မုဒ်ဦးနှင့် ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာတို့အားဖွင့်လှစ်ပေး ပြီး ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားစေရေး ပေါင်းစပ်ညှိနှိုင်းဆွေး

မိုးညှင်း          ဖေဖော်ဝါရီ ၁၆

          ကချင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဟဲလုံ-ပျော်ဘွယ်-တဲကြီးကုန်း-ပင့်သာ-ပင်းဟဲကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ကို ဖွင့်လှစ်ပေးကြသည်။

          ရှေးဦးစွာ ဟဲလုံကျေးရွာအုပ်စု၊ ပျော်ဘွယ်ကျေးရွာနှင့် ပင်းဟဲအုပ်စု တဲကြီးကုန်းကျေးရွာသို့ ဆက်သွယ်ထားသော အရှည် ၂ မိုင်၊ အကျယ် ၁၆ ပေ ကွန်ကရစ်လမ်းသစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဦးက ရှင်းလင်းတင်ပြပြီး ကွန်ကရစ်လမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ ကာ ဒေသခံများ၊ တိုင်းရင်းသားရိုးရာအတီးအမှုတ်များနှင့်အတူ လမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          အဆိုပါ လမ်းသစ်သည် ကျေးရွာအုပ်စုနှစ်ခုအတွင်းရှိ ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၁၄၅၀ ၊ လူဦးရေ ၈၀၀၀ ကျော်တို့အား အကျိုးပြုသော လမ်းတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးညှင်း ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်းလုပ်ငန်း (၁၂)ခုအပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင်လည်း ကျေးလက်လမ်းလုပ်ငန်း ၁၄ ခုကို ဆောင်ရွက်ပေးနိုင်ရေး လျာထားလျက်ရှိ ကြောင်း သိရှိရသည်။

          ထို့နောက် အောင်သပြေရပ်ကွက်အတွင်းရှိ မိုးညှင်းတက္ကသိုလ် မုဒ်ဦးဖွင့်ပွဲသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းတို့က တက္ကသိုလ်မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ သရုပ်ပြ/ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများ နှင့်အတူ တက္ကသိုလ်မိန်းလမ်းမမှ ဝင်ရောက်ကာ တက္ကသိုလ်ဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် ၆ ခန်းတွဲ ၅ ထပ် ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာ စကားဝါဆောင် အဆောက်အဦသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး နှင့် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုးတို့က ထပ်မံဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ တည်ဆောက် ပြီးစီးသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ယင်းနောက် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ် သစ်လွင်ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဆိုသည့် စကားနှင့်အညီ လူငယ်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ ခိုင်မာသာယာရေးအတွက် ပညာရည်ပြည့်ဝပြီး ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင် သည့်အပြင် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို သစ်လွင်မောင်မယ် များအနေဖြင့် ဖန်တီးပေးနိုင်ရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပထမနှစ်သစ်လွင်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက မိုးညှင်းတက္ကသိုလ် သုတေသနဂျာနယ်နှင့် အမှတ် တရလက်ဆောင်များ ပေးအပ်ပြီး တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများက တိုင်းရင်းသားရိုးရာ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က တက္ကသိုလ်အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့ ရွာသစ်ကုန်းရပ်ကွက် အတွင်းရှိ ဒေသထွက် စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်သည့် ဒဂုန်ရှင်မြီးရှည်ကုန်ထုတ်လုပ်ငန်းခွင် သို့သွားရောက် စားသောက်ကုန်မြီးရှည်ထုတ်လုပ်နိုင်ရေး ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်ထိ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့မ(အုတ်ကျင်း)ရပ်ကွက်အတွင်း ဆန် ခေါက်ဆွဲထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က MSME လုပ်ငန်းလိုင်စင်ရရှိရေး၊ ဈေးကွက်အတွင်း တွင်ကျယ်စွာရောင်းချနိုင်ရေးနှင့် လိုအပ်သည်များ ကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန့်ပုတ်ကျေးရွာအတွင်း လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းအတွင်း ၀.၈ ကီလို မီတာလမ်းပိုင်းအား ကွန်ကရစ်ခင်းကျင်းဆောင်ရွက်နေမှု၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း မိုးညှင်းခရိုင် အတွင်း လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ၁၆၆.၉၆၉ ကီလိုမီတာ(၁၀၃မိုင် ၆ ဖာလုံ) လမ်းပိုင်းတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများ လုပ်ငန်းစီမံကိန်းများ လျင်မြန်စွာဆောင်ရွက်ပြီးစီးရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါလမ်းပိုင်း အတွင်း ၂ မိုင် ၇ ဖာလုံအား ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးညှင်းမြို့၊ မြို့တော်ခန်းမ၌ အသေးစား၊ အငယ်စား နှင့် အလတ်စား(MSME)စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် MSME လုပ်ငန်းများသည် အဓိကကျသည့် လုပ်ငန်းများဖြစ်သည့်အပြင် ပြည်ပသွင်းကုန်များ အစား ထိုးနိုင်ရေးနှင့် ပြည်တွင်းထုတ်ကုန်များကို တင်ပို့နိုင်ရေးအတွက် ယခုကဲ့သို့ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းထွက် ကုန်ကြမ်းများဖြင့်  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အရည်အသွေးမြင့် ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ် နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် MSME  လုပ်ငန်းရှင်များက လုပ်ငန်းများ ရေရှည်တည် တံ့လည်ပတ်နိုင်ရေး၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အကူအညီပေးရေး၊ ဈေးကွက်နှင့် ချေးငွေလို အပ်ချက်များကို တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် သက်ဆိုင်ရာကဏ္ဍ အလိုက်ရှင်းလင်းဆွေးနွေးကြရာ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့တော်ခန်းမ၌အတွင်း ဒေသထွက်ကုန်ကြမ်းများ ဖြင့် MSME ထုတ်ကုန်များ ဖြစ်သည့် စားသောက်ကုန်ပစ္စည်းများ၊ ရိုးရာအဝတ်အထည်နှင့် လက်မှု ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ ‌ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ သည်။

          ထိုမှတစ်ဆင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ ကျောင်းသား/ကျောင်းသူများ၏ တီထွင်ဖန်တီးထုတ်လုပ်ထားသည့် ပြကွက်များကို ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းခန်းမဆောင်၌ မောင်မယ်သစ်လွင်များနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ခေတ်သည် နည်းပညာခေတ် ဖြစ်သည့်အတွက် တိုးတက်ပြောင်းလဲနေသော နည်းပညာများကို အမှီလိုက်နိုင်ရေးအတွက် စနစ် တကျသင်ယူပြီး အမှားအမှန်ကို ခွဲခြားတတ်သော၊ လိမ္မာယဉ်ကျေးပညာတတ်သော အနာဂတ်ခေါင်း ဆောင်များ ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားပြီး ကျောင်းသား/ကျောင်းသူများ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်မှုကို ကြည့်ရှု အားပေးကာ ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်း၊ သရုပ်ပြဖျော်ဖြေရေးအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းကို ထောက်ပံပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာအုပ်စု ကွင်းအမှတ် ၃၁၂ အတွင်း တောင်သူ ဒေါ်တင်မြိုင်၏ လယ်၌ သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှ့ နေကြာ၊ ပဲပုတ်နှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီ၊ မြေပဲပင်များ စိုက်ပျိုးထားရှိမှုအခြေအနေ အပေါ် ရှင်းတင်တင်ပြမှုကို လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး တောင်သူများနှင့် တာဝန်ရှိသူ များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စိုက်ခင်းအတွင်း ပန်းအာလူးနှင့် သီးနှံပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများအတွက် ဆောင်းသီးနှံဟင်းသီးဟင်းရွက် မျိုးစေ့များ၊ နေကြာသီးနှံမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ အဆိုပါ ပင်းဟဲကျေးရွာနှင့် ဘီလူးကျေးရွာချင်းဆက်လမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၇၅၉.၇၅)သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာမှ ‌အကျိုးပြုကျေးရွာ ၂ ရွာ၊ အိမ်ခြေ ၇၇၆ အိမ်၊ လူဦးရေ ၄၀၀၀ ကျော်တို့အား အကျိုးဖြစ်ထွန်းစေသည့် လမ်းအရှည် ၄ မိုင် ၃ ဖာလုံလမ်းပိုင်း ကွန်ကရစ်ခင်းကျင်းဆောင်ရွက်ပြီးစီး မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တံတား သစ်တည်ဆောက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။