ကချင်ပြည်နယ်ဝန်ကြီးချုပ် အခမ်းအနားမှူးသင်တန်းဆင်းပွဲ၊ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲများသို့ တက်ရောက်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အခမ်းအနားမှူးသင်တန်းဆင်းပွဲ၊ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲများသို့ တက်ရောက်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၉

          ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍  ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများအတွက် အခမ်းအနားမှူးသင်တန်းကို (၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

          ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ သင်တန်းတက်ရောက် သူများအနေဖြင့် မိမိတို့၏ ပင်ကိုယ် အရည်အချင်းများ၊ အရည်အသွေးများကို ဖော်ထုတ်ပြသခွင့်ရရှိ သည့်အပြင် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များကိုလည်း မြင့်မားတိုးတက်လာစေမည်ဖြစ်ပါ ကြောင်း၊ သို့မှသာ မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် ပွဲတိုင်းတွင် စိတ်အားထက်သန်မှု အပြည့် အဝရှိနေခြင်းသည် ကြီးကျယ်ခမ်းနားပြီး ဂုဏ်သရေရှိသည့်ပွဲများအတွက် အနှစ်သာရပေါ်လွင် ထင်ရှားစေရန် အခမ်းအနားမှူးများ၏ အခန်းကဏ္ဍအရေးကြီးဆုံးဖြစ်သည်ကို သိရှိနားလည်ကြရ မည်ဖြစ်ပါကြောင်း၊ အခမ်းအနားများကို အောင်မြင်ပျော်ရွှင်စွာဖြင့် သေသပ်လှပစွာစီစဉ်ဆောင်ရွက် ပေးနိုင်သူများအဖြစ် နိုင်ငံ့တာဝန်ကို အခမ်းအနားမှူးကောင်းများအဖြစ် ကျေပွန်စွာထမ်းဆောင်ကြ ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် သင်တန်းနည်းပြ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များ နှင့် သင်တန်းဖွင့်လှစ်သင်ကြားခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ သူနာပြုသင်တန်းကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် ၂၀၂၄ ခုနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းသား/ သင်တန်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြော ကြားသည်။

          အမှာစကားပြောကြားရာတွင် ယနေ့ သင်တန်းတက်ရောက်ခွင့်ရရှိခဲ့သည့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် နိုင်ငံတော်၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ခြင်းကို အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေသကဲ့သို့ ထိုသို့ မွေးထုတ်ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ရပါကြောင်း၊ မောင်တို့မယ်တို့ သင်တန်းကာလ (၃)နှစ်အတွင်း လုံခြုံ စိတ်ချစွာ နေထိုင်နိုင်ပြီး ပညာသင်ကြားရေးအတွက်သော်လည်းကောင်း၊ စာတွေ့/လက်တွေ့ ပညာ ရပ်များကို ခေတ်နှင့်လျော်ညီစွာ သင်ကြားသင်ယူမှုပြုနိုင်ရန်အတွက်သော်လည်းကောင်း၊ ပညာသင် စရိတ် ထောက်ပံ့မှုများကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိနားလည်ရမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် စီမံဆောင်ရွက်ပေးနေခြင်းသည် နိုင်ငံအတွင်းရှိ ပြည်သူ များအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ပေးဆပ်နိုင်ရန် ဖြစ်သည့် အတွက် အလေးအနက်ထား ကြိုးစားသင်ယူကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက သင်တန်းတက် ရောက်ကြမည့် မောင်မယ်သစ်လွင်(၇၇)ဦးတို့အတွက်ထောက်ပံ့ငွေကျပ် ၂၅ သိန်းကိုလည်းကောင်း၊ မြစ်ကြီးနား ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီးက အာဟာရအတွက် ကြက်ဥများကို လည်း ကောင်း၊ အလှူရှင် ဦးလောဆန်းက ဆန်အိတ်များကို လည်းကောင်း ကျောင်းအုပ်ထံ အသီးသီး ထောက်ပံ့ပေးအပ်ကြရာ သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ်တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

          ဆက်လက်၍ သင်တန်းသူများက တိုင်းရင်းသားရိုးရာတေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက အက အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာဌာနများ၊ ကုမ္ပဏီ လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါစည်းမျဉ်းစည်းကမ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီး အောင်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေ ဖြင့် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက် ရာတွင်လည်း လိုအပ်သည့် အခက်အခဲများရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ မည်သို့ ကူညီဆောင် ရွက်ရမည်ကို ယနေ့အစည်းအဝေးတွင် ရှင်းရှင်းလင်းလင်းတင်ပြကြစေလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေက တင်ဒါလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာန/အဖွဲ့အစည်းများကဘဏ္ဍာ နှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကိုလည်းကောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် လိုအပ်ချက်/ အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ချိန် ပြီးစီးအောင် ကြိုးစားဆောင်ရွက်‌နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် (၇၇)နှစ်မြောက် ပြည် ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဆပ်ကော်မတီတာဝန် ရှိသူများနှင့် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုခဲ့ကြသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြား ပြီး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့်အတူ မနောအကဖြင့် ပြုလုပ်ကျင်းပနိုင်ရေး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများအတွက် ဆုများပေးအပ်ချီးမြှင့်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိမှုများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားအောင်မြင်စွာကျင်းပပြုလုပ် နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။