ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း ဒုတိယပိုင်း ကွန်ကရစ်လမ်းသစ်၊ ရွှေဘို-မြစ်ကြီးနားလမ်းအဆင့်မြှင့်ကတ္တရာကွန်ကရစ်လမ်းသစ်နှင့် အားဆာ-နန်းကွေ့ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်းသစ်များ ဖွင့်လှစ်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း ဒုတိယပိုင်း ကွန်ကရစ်လမ်းသစ်၊ ရွှေဘို-မြစ်ကြီးနားလမ်းအဆင့်မြှင့်ကတ္တရာကွန်ကရစ်လမ်းသစ်နှင့် အားဆာ-နန်းကွေ့ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်းသစ်များ ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၀

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း ပြည်နယ်လမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် (၁၀၀၀ ဒဿမ ၆၄၄)သန်းဖြင့် ပြည်နယ်လမ်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့သော နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း ဒုတိယပိုင်း လမ်းအရှည်(၂)မိုင်၊ အကျယ် (၂၄)ရှိ ကွန်ကရစ်လမ်းသစ်အားယနေ့ နံနက် ၈ နာရီက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

          လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နန်ပေါင်လေယာဉ် ကွင်းရှောင်လမ်းကို ရွှေဘို-မြစ်ကြီးနားကားလမ်းမကြီးပေါ်ရှိ ရှဒေါင်ကျေးရွာမှ ခွဲထွက်ကာ နည်းပညာ တက္ကသိုလ်အနီးမှ မြစ်ကြီးနားမြို့ရှောင်လမ်းနှင့် ဆက်သွယ်ပေးထားသည့် မြစ်ကြီးနားမြို့သို့ ဒုတိယ ဝင်ပေါက်လမ်းတစ်လမ်းဖြစ်ပြီး ယခုအခါ လမ်းတစ်ခုလုံး ကွန်ကရစ်လမ်းအဖြစ် တိုးတက်ကောင်းမွန် လာပြီဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည်နှင့်အညီ ဒေသခံပြည်သူများ အနေဖြင့်လည်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုစိုက်ပျိုးမွေးမြူပြီး ထွက်ကုန်များကို ယခုအသစ်ဖွင့်လှစ်လိုက်သည့် လမ်းမကြီးများကို အသုံးပြု၍ ပိုမိုထုတ်လုပ်တင်ပို့နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသားညီအကို မောင်နှမများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတင်မောင်အုန်းက လမ်းတည် ဆောက်ခဲ့မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ယခင် (၈)မိုင် (၃)ဖာလုံလမ်းပိုင်းအနက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် (၆)မိုင် (၃)ဖာလုံ မြေသားလမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် ဖွင့်လှစ်နိုင်မှုနှင့် ကျန်ရှိ သည့် ကတ္တရာလမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း တင်ပြပြီး ဒေသခံပြည်သူများကိုယ်စား ရွှေပြည်သာရပ်ကွက်မှ သိက္ခာတော်ရဆရာ ဦးစိုးယောဟန်က လမ်းသစ် အဆင့်မြှင့်တင်ပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          ဆက်လက်၍ ကွန်ကရစ်လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရာဇာထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ လမ်းသစ်အား ဘင်ခရာတပ်ဖွဲ့၏ ဦးဆောင်မှုနှင့်အတူ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

          ထို့မှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၄၁၃ ဒဿမ ၆၆)သန်းဖြင့် ရွှေဘို-မြစ်ကြီးနားလမ်း မြစ်ကြီးနားမြို့ဝင်လမ်းပိုင်းအား ပြည်နယ်လမ်းဦးစီး ဌာနက မူလကတ္တရာလမ်းဟောင်း (၁၈)ပေအကျယ်အား (၂၄)ပေအကျယ် ကတ္တရာကွန်ကရစ် (AC) လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးခဲ့သည့် လမ်းသစ်အား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဆင့်မြှင့်(AC)ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြသည်။

          အဆိုပါ လမ်းသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်လမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းတည်ဆောက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြီး ဒေသ ခံပြည်သူများကိုယ်စား မော်ဖောင်းကျေးရွာမှ ဦးယောကီးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

          ထို့နောက် လမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး  ဦးတိန့်ဆောင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ လမ်း သစ်ဖွင့်ပွဲတက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအတွက် ရိုးရာမဂွန်းလစ်ဖြင့် ဂါဝရပြုလက်ဆောင်ပေးအပ်မှုကို လက်ခံရယူခဲ့ကြကာ လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၅၅၈ ဒဿမ ၆၀၀)သန်းဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့ သည့် အားဆာ-နန်းကွေ့ကျေးရွာချင်းဆက်လမ်း (၁ ဒဿမ ၆၁) ကီလို မီတာအရှည်ရှိ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

          လမ်းသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့မြန်မာနိုင်ငံလူဦးရေ၏ (၃၀)ရာခိုင်နှုန်း သည် မြို့ပြတွင်နေထိုင်ပြီး (၇၀)ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်ဖြစ်သည့် အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက ကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးလက် ဒေသများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်း မြင့်မားရေး၊ မြို့ပြနှင့်ကျေးလက်လူနေမှုဘဝကွာခြားမှုကို လျှော့ချပြီး မိမိတို့ပြည်နယ်၊ မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို အစဉ်ရှေးရှုပြီး အကျိုးဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းပြော ကြားသည်။

          ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းဆွေ က အားဆာ-နန်းကွေကျေးရွာချင်းဆက်လမ်းပိုင်းနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ အကျိုးဖြစ်ထွန်း မှုဆိုင်ရာများအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ကက်သလစ်အသင်းတော်ဆရာက ကောင်း ချီးတောင်းခံဆုတောင်းဆက်ကပ်ပေးပြီး ဒေသခံပြည်သူများကိုယ်စား ရပ်မိ/ရပ်ဖ ဦးစိုးအောင်က ကျေးဇူးတင်စကားပြောကြားကာ ဒေသခံပြည်သူများက လမ်းသစ်ရရှိသည့်အတွက် ရိုးရာသစ်သီး ပလိုင်းဖြင့် ဂါဝရပြုအမှတ်တရ လက်ဆောင်ပေးအပ်ကြသည်။

          ယင်းနောက် လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက် ကူးခဲ့ကြကာ လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          အဆိုပါ အားဆာ-နန်းကွေ့ကျေးရွာချင်းဆက်လမ်းသည် နန်းကွေ့ကျေးရွာနှင့် အားဆာ ကျေးရွာရှိ အိမ်ခြေ ၇၅၂ အိမ်၊ လူဦးရေ ၄၁၉၃ ဦးတို့အား အကျိုးဖြစ်ထွန်းစေကြောင်း ပြည်နယ်ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပမ္ပတီးရပ်ကွက်အတွင်း တောင်သူ ဦးချစ်ဆွေနှင့် အစုအဖွဲ့ပိုင် ငအိုး စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း လီမိတက်ပိုင် ပမ္မတီးအနောက်မြောက်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီးချိန် ဆောင်းသီးထပ်လယ် သီးနှံအဖြစ် ပဲပုပ်၊ နေကြာသီးညှပ်နှင့် ဟင်းသီးဟင်းရွက်စိုက်ကွင်း (၄၄ ဒဿမ ၀၅)ဧကအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး စက်ရေတွင်းများ တူးဖော်ဆောင် ရွက်ထားရှိမှု၊ စိုက်ခင်းများအတွင်း ရေဖြန့်ဝေပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ ကျန်ရှိသည့် လယ်မြေများ တိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်သည့် စိုက်ပျိုးရေရရှိရေး စက်ရေတွင်းများ ထပ်မံတူးဖော် ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းက ပြည်နယ်ပြည်သူ့အားကစားကွင်း အတွင်း မြစ်ကြီးနားဌာနဆိုင်ရာညွှန်ပေါင်းဘောလုံးအသင်းနှင့် ဝိုင်းမော်မြို့နယ်ဌာနဆိုင်ရာညွှန်ပေါင်း ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြစ်ကြီးနားဌာနဆိုင်ရာညွှန်ပေါင်းဘောလုံးအသင်းက ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ဂုဏ်ပြု ချီးမြှင့် ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။