ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အားကြိုဆုဂုဏ်ပြုသောအားဖြင့် မော်ဖောင်းနယ်မြေ(၈) ငအိုးခေတ်မီစံပြကျေးရွာ၌ ရွာလယ်လမ်းကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်တိုက်သစ် ဖွင့်လှစ်ပေး၊ ကျေးရွာအုပ်စုအတွင်း ဌာနဆိုင်ရာ/ အသင်းအဖွဲ့ များအတွက် လျာထားမြေနေရာများ ချထားပေးမှုအား ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အားကြိုဆုဂုဏ်ပြုသောအားဖြင့် မော်ဖောင်းနယ်မြေ(၈) ငအိုးခေတ်မီစံပြကျေးရွာ၌ ရွာလယ်လမ်းကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်တိုက်သစ် ဖွင့်လှစ်ပေး၊ ကျေးရွာအုပ်စုအတွင်း ဌာနဆိုင်ရာ/ အသင်းအဖွဲ့ များအတွက် လျာထားမြေနေရာများ ချထားပေးမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား        ဖေဖော်ဝါရီ ၈

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မော်ဖောင်းကျေးရွာအုပ်စု၊ မော်ဖောင်းနယ်မြေ (၈) ငအိုးခေတ်မီစံပြ ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် ရွာတွင်းလမ်းမကြီး ကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်သစ်တို့ကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီက အဆိုပါ‌ခေတ်မီစံပြကျေးရွာ၌ ဖွင့်ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ခေတ်မီစံပြကျေးရွာအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ် ၁၆၁ ဒဿမ ၆ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရွာတွင်း လမ်းမကြီး အရှည်ပေ (၂၄၀၀)ရှိ ကွန်ကရစ်လမ်းသစ်ကို ဒေသခံပြည်သူများနှင့်အတူ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးကျော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အလားတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ်သန်း ၃၆ ဒဿမ ၂၅ သန်းဖြင့် တည်ဆောက်ပေးခဲ့သည့် (၁၈ ပေ × ၂၇ပေ)ရှိ ခေတ်မီစံပြစာကြည့်တိုက်သစ်ဖွင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး စာကြည့်တိုက်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတ‌ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ စာကြည့်တိုက်အတွင်း စာဖတ်နေကြသည့် ကလေး ငယ်များနှင့် သုတ/ရသ စာအုပ်/ စာစောင်များ ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ကျေးရွာချန်းမောခန်းမဆောင်၌ ကျေးရွာနေပြည်သူလူထုနှင့် တွေ့ဆုံပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး‌ရေးကို မျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအား‌ကောင်းသော အစိမ်းရောင် ဖွံ့ဖြိုး မှုဖြစ်စဉ်ကိုအားပေးသည့် ခေတ်မီစံပြကျေးရွာစီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်က စတင် ဆောင်ရွက်ခဲ့ပါကြောင်း၊  ယနေ့ မော်ဖောင်းနယ်မြေ(၈) ငအိုးကျေးရွာဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ခေတ်မီစံပြကျေးရွာ (Smart Village)စီမံကိန်းဖြင့် ကျေးရွာတွင်း အခြေခံအဆောက်အအုံ လိုအပ် ချက်များကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ ဒေသခံများအနေဖြင့်လည်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် တက်ကြွ စွာပူးပေါင်းပါဝင်ကြရေး၊ ယနေ့အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုလည်း ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ခေတ်မီ စံပြကျေးရွာ(Smart Village)အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးရွာသို့ လွှဲပြောင်းအပ်နှံပေးအပ်သည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ရာ ဒေသခံ ပြည်သူများက ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအတွက် ရိုးရာ မဂွန်းလစ်၊ သစ်သီးခြင်း တို့ဖြင့် ကျေးဇူးတင်ဂါဝရပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကျေးရွာနေပြည်သူလူထုကိုယ်စား ရပ်မိရပ်ဖဦးယောဂိက ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်မောင်းကျေးရွာအုပ်စုအတွင်း ရှိ မြေလွတ်၊ မြေရိုင်း ဧက (၄၈၀)သို့ သွားရောက်ပြီး အဆိုပါ မြေဧရိယာအတွင်း လမ်းသွယ်များ၊ မြေသားဖောက်လုပ်ထားရှိမှုအခြေအနေများနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာ (၅၆)ဧက၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာ ဧက (၃၀)ပါအဝင် ဌာနဆိုင်ရာ/ အသင်းအဖွဲ့ အတွက် မြေနေရာများ လျာထား ချထားပေးထားသည့် မြေနေရာများကို ဌာနဆိုင်ရာတာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း Grade-12 ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်း သူများ (၁၀၀၀)ကျော်တို့အား မြစ်ကြီးနားတက္ကသိုလ်နှင့် ချိတ်ဆက်၍ စခန်းသွင်းလေ့ကျင့်သင် ကြားပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ က စီစဉ်ဆောင်ရွက်ပေးနေမှုများနှင့် စာမေးပွဲအေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုများကို သိရှိနားလည်စေပြီး  စာကိုသာကြိုးစားလေ့လာမှတ်သားသင်ယူကြရေး တိုက်တွန်း အားပေးပြောကြားခဲ့ကာ ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အား ပေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ ပြည်နယ် ဘောလုံးကွင်းအတွင်း၌ ပြည်နယ်တွင်း အမှတ်ပေး ဘောလုံးလိဒ်ပြိုင်ပွဲဖြစ်သည့် မနောလိဒ် ဘောလုံးပြိုင်ပွဲ နောင်ရာ FC အသင်းနှင့် Kachin Youth FC အသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင် ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။