ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကျင်းပ

 ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကျင်းပ

မြစ်ကြီးနား     ဒီဇင်ဘာ ၂၀

          ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

          ခရစ္စမတ်ပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ခရစ်တော်၏ မွေးနေ့ကာလ၌ ယခုလို မိမိတို့အစိုးရအဖွဲ့၏ မိသားစုဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ခရစ္စမတ်ပွဲတော်ကျင်းပပြုလုပ်ခွင့်ရသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းဖြင့် ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။

          ထို့နောက် ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ဝတ်ပြုဆုတောင်းခြင်းအစီအစဉ်ကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြပြီး သဘာပတိအဖြစ် သိက္ခာတော်ရဆရာတော်ဟောင်းခေါင်က ဝတ်ပြုကိုး ကွယ်ခြင်းအစီအစဉ်အတွက် အဖွင့်ဆုတောင်းဆက်ကပ်ပေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ခရစ္စမတ်သံစုံနှင့် ခရစ္စမတ်ဓမ္မသံချပ်ဖြင့် သံစုံကျူးဧခြင်း၊ သိက္ခာတော်ရဆရာ တော် ဇုန်းချန်းက ခရစ္စမတ်ဒေသနာတော်ဟောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သိက္ခာတော်ရဆရာတော်များနှင့် ကတ်သလစ်ဘုန်း တော်ကြီးတို့အား ခရစ္စမတ်လက်ဆောင်များ ပေးအပ်လှူဒါန်းခဲ့ပြီး ဓမ္မတေးသီချင်းဖြင့် သီဆိုဆက် ကပ်ကြကာ သိက္ခာတော်ရဆရာတော်ဇုန်းချန်းက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးခဲ့ ပြီး ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် နေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားတက္ကသိုလ် အစည်းအဝေးခန်းမဆောင်၌ တက္ကသိုလ်မိသားစုများ၏ ခရစ္စမတ် ပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဆပ်ကော်မတီအဖွဲ့ဝင်များ၏ တာဝန်ယူဆောင်ရွက်ကျင်းပမည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်မိသားစုများ၏ ခရစ္စမတ်ပွဲတော်ကျင်းပနိုင်ရေးအတွက် ဆပ် ကော်မတီအသီးသီးမှ တာဝန်ရှိသူများက အချင်းချင်းပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။