ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (၁၂)ကြိမ်မြောက် (၂)နှစ်တာပုံမှန်သင်တန်းဖွင့်ပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (၁၂)ကြိမ်မြောက် (၂)နှစ်တာပုံမှန်သင်တန်းဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဒီဇင်ဘာ ၁၈

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ (၁၂)ကြိမ် မြောက် (၂)နှစ်တာပုံမှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈  ရက် နံနက် ၁၀ နာရီတွင် ဘုန်းတော်ကြီးကျောင်း၊ ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။

          ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရာဘိဝံသ ထံမှ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် အခမ်းအနားတက်ရောက်လာ ကြသူများကရှစ်ပါးသီလခံယူဆောက်တည်ကြပြီး တရားတော်များနာယူကြကာ ကျောင်းကြီးကြပ် ရေးနာယကအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တကေုတုမာလာက သြဝါဒကထာမြွက်ကြားခြင်းနှင့် ကျောင်း အုပ်ဆရာတော် ဘဒ္ဒန္တဝါသဝက သင်တန်းကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

          ယင်းနောက် အတွင်းရေးမှူး ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းကျောင်း အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားတင်ပြ ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ပြီး ဆရာတော်၊ သံဃာတော်များအား‌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။