ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

 ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား  ဇူလိုင်   ၁

          ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲအား  ကချင်ပြည်နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင် ရေး  တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက် နံနက်  ၁၀ နာရီက  ပြည်နယ်အစိုးရအဖွဲ့၊ မလိခခန်းမ၌  ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ အစည်းအဝေးတွင်  ကချင်ပြည်နယ်အဆင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ  ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင်  ဗဟိုအဆင့်ပြိုင်ပွဲအား  ကချင်ပြည်နယ် အနေဖြင့်  ဘာသာရပ်အလိုက်  အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စနစ်တကျ အချိန်မီ ရွေးချယ်၍  ကြိုတင်လေ့ကျင့်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ အဆင့်အတန်းမီ အရည်အချင်းရှိစွာ ပါဝင် ယှဉ်ပြိုင်နိုင်ရေး နှင့် တိုင်းရင်းသားအကများအတွက် ရွေးချယ်နိုင်ရေး သက်ဆိုင်ရာကော်မတီအဖွဲ့ ဝင်များ၊ ပညာရှင်များက  ပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြစ်ပါကြောင်း၊ ပြည်နယ်အဆင့် ပြိုင်ပွဲအား အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားသည်။

          ထို့နောက် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များဖြစ်သည့်  ဌာနဆိုင်ရာများ၊ ပညာရှင်များက ဝါသနာရှင်အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် စသည့် အဆင့်အလိုက်ပါဝင် ယှဉ် ပြိုင်နိုင်ရေးအတွက်  ပြည်နယ်အဆင့်ရွေးချယ်မည့် အစီအစဉ်များ၊ သတ်မှတ်စည်းကမ်းချက်ဆိုင်ရာ များ၊ ယခင် ပြိုင်ပွဲဝင်ရောက်မှု အတွေ့အကြုံများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့် လုပ်ငန်း များအား  အကြံပြုဆွေးနွေးကြရာ  ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။