ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှု၊ တရုတ်စကားပြောအခြေခံသင်တန်းနှင့် လူငယ်စကားဝိုင်း‌ဆောင်ရွက်မှု၊ ရိုးရာဂျပ်ခုတ် သင်တန်းကျောင်း သင်တန်းဖွင့်လှစ်နေမှုများကို တက်ရောက်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှု၊ တရုတ်စကားပြောအခြေခံသင်တန်းနှင့် လူငယ်စကားဝိုင်း‌ဆောင်ရွက်မှု၊ ရိုးရာဂျပ်ခုတ် သင်တန်းကျောင်း သင်တန်းဖွင့်လှစ်နေမှုများကို တက်ရောက်အားပေး

မြစ်ကြီးနား     ဇူလိုင် ၂

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံးဝင်းအတွင်း၌ ၂၀၂၂ခုနှစ် ဇူလိုင် ၃ ရက် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ ဇူလိုင် ၂ ရက် နံနက် ၈ နာရီတွင် သန့်ရှင်း‌ရေး ပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။

          စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ရုံးဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ဆယ်ယူခြင်းလုပ်ငန်းများ စုပေါင်းဆောင် ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရုံးဝင်း ပြုပြင်ဆောင်ရွက်ရန်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ သန့်ရှင်းရေးဆောင်ရွက်နေ ကြသည့် တပ်ရင်းတပ်ဖွဲ့မိသားစုများအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          အလားတူ မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နယ်မြေခံတပ်မတော်သားများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးငယ်များအား ထောက်ပံ့ငွေများ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုနောက် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင် ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်သည့် လူငယ်လူရွယ်များအတွက် တရုတ်စကားပြောအခြေခံသင်တန်း ဖွင့်ပွဲနှင့် ၂၀၂၁ခုနှစ် မဲခေါင်စာပေဆုရ စာရေးဆရာအကြီးကိုကို ဦးဆောင်သည့် တက္ကသိုလ်ကျောင်း သား/ကျောင်းသူများနှင့် လူငယ်စကားဝိုင်းဖွင့်ပွဲအား တက်ရောက်သည်။

          သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို လူထုအခြေပြုဗဟိုဌာနမှာ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့၏ မိရိုးဖလာ ဘာသာစကား၊ စာပေ တတ်မြောက်ထားရုံတင်မကဘဲ အခြားဘာသာစကား တတ်မြောက်ကျွမ်းကျင်ပါက လူမှုနယ်ပယ်တွင် တိုးတက်အောင်မြင်စေနိုင် သည့် အထောက်အပံ့တစ်ခုဖြစ်သည့်အတွက် လူငယ်များအနေဖြင့် တရုတ်စကားပြောသင်တန်းကို ကြိုးစားလေ့လာသင်ယူကြရန်လိုကြောင်း၊ ထို့အပြင် ယနေ့ ကျောင်းသားလူငယ်များနှင့် စကားဝိုင်းကို လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် လူငယ်များ လူအများရှေ့တွင် ပါဝင်ဆွေးနွေးတတ် သည့် အလေ့အကျင့်ကောင်းများရရှိပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုကို ရရှိစေနိုင်သည့်အတွက် ပူးပေါင်းပါဝင် ဆွေးနွေးကြရန်လိုကြောင်း၊ လူထုအခြေပြုဗဟိုဌာနကို စဉ်ဆက်မပြတ်တိုးတက် အောင်မြင်ရေးနှင့် ဒေသတွင်း လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူဖြစ်စေရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှဌေးက ပြည်နယ်အတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး Community Centre လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တရုတ်စကားပြောသင်တန်း နည်းပြဆရာ၊ ဆရာမများ ထောက်ပံ့ငွေများနှင့် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင် များကို ပေးအပ်လှူဒါန်းခဲ့ပြီး သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ ကြသည်။

          ထို့နောက် ပြည်သူ့စာကြည့်တိုက်အတွင်း တက္ကသိုလ်ကျောင်းသား/ကျောင်းသူများက ၂၀၂၁ ခုနှစ် မဲခေါင်စာပေဆုရ စာရေးဆရာအကြီးကိုကို၏ ပြိုပျက်ခဲ့သောသက္ကရာဇ်များ ဝတ္ထုတိုစုစည်းမှု စာအုပ်ဖြင့် ရသစာပေခံစားမှုသုံးသပ်ဆွေးနွေးခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုကို အားပေးကြည့်ရှု ခဲ့ကြပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းနှင့် ကလေးစာဖတ်ခန်းအတွင်း ကလေးငယ် များ၏ ဆေးရောင်စုံခြယ်ပြိုင်ပွဲကျင်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ ကလေးငယ်များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားလေဆိပ်၌ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စား ပြု လက်ရွေးစင်အသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများအား လိုက်လံအားပေးနှုတ်ဆက် ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ရိုးရာဂျပ်ခုတ်ယက္ကန်းသင်တန်းကျောင်း၌ ကချင်ရိုးရာဂျပ်ခုတ်သင်တန်းနှင့် ရိုးရာအမွေအနှစ်များ ထိန်းသိမ်းခြင်းဆိုင်ရာဆွေးနွေးသို့ တက် ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကချင်ရိုးရာဂျပ်ခုတ်အထည်များခင်းကျင်း ပြသထားရှိမှုနှင့် ကျောင်းဝင်းအတွင်းရှိ အဆောင်များ ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရိုးရာဂျပ်ခုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထိန်းသိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။