ကချင်ပြည်နယ်အတွင်း ကာယကံရှင်အမှန်နေထိုင်သည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အား စိစစ်ရွေးချယ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP)ရေးဆွဲပြုစုနိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း ကာယကံရှင်အမှန်နေထိုင်သည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အား စိစစ်ရွေးချယ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP)ရေးဆွဲပြုစုနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၃၀

          ကချင်ပြည်နယ်အတွင်း ကာယကံရှင်အမှန်နေထိုင်သည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)အား ရွေးချယ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ အတွင်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးနှင့် မဲစာရင်းမှန်ကန်တိကျစေရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့ကချင်ပြည်နယ်အတွင်း မြို့နယ်အလိုက် အိမ်ထောင် စုလူဦးရေစာရင်း နေရာတစ်ခုထက် ပိုမိုပါဝင်နေသူ (၂၆၀၀၀၀)ကျော်အား အိမ်ထောင်စုတစ်ခုတွင် သာ စာရင်းပါရှိရန်နှင့် မလိုအပ်သော ထပ်နေသည့် စာရင်းများအား ပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တစ်နေရာထက်ပိုမိုပါဝင်လျက်ရှိသော လူဦးရေစာရင်းများကို တစ်နေရာတည်းတွင်သာ အတည်ပြုနိုင်ရေး ကာယကံရှင်၏အတည်ပြုမှုပုံစံဖြင့် ဆောင်ရွက်နိုင်ရေး သတ်မှတ်စာ/ဇယားပုံစံများ ဖြန့်ဝေအတည်ပြုနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင် အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးဝင်းရဲထွန်းက ကာယကံရှင်အမှန်နေထိုင်သည့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) အား စိစစ်အတည်ပြုဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ထို့အပြင် သြဂုတ် ၃၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင် ပြည်နယ်အတွင်း လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်း နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operation Procedure-SOP)ရေးဆွဲပြုစုနိုင်ရေးအတွက် ပြည်နယ်လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်တွင်အတွင်း လယ်ယာမြေများကို အခြားနည်း အသုံးပြု ခွင့်လျှောက်ထားမှုများကို ပိတ်ပင်ထားပြီး သီးထပ်သီးနှံစိုက်ပျိုးရေးအတွက် ဦးစားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် လယ်ယာမြေများ အခြားနည်းအသုံးပြုမှုများကိုလည်း ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်မှုများကို စနစ်တကျ လေ့လာဆန်းစစ်ပြီး မှန်ကန်ရိုးသားသော ပြည်သူများ နစ်နာမှုမရှိစေရေး ဖော်ထုတ်အကြံ ပြုနိုင်ရန်၊ လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်း လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ပြုစုရေးဆွဲနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ပြည်နယ်လုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆိုင်ရာများ ကို လည်းကောင်း၊ လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ဦးစီးကော်မတီ၏ လမ်းညွှန်မှာကြားချက်များ၊ ပြည်နယ်လုပ်ငန်းကော်မတီမှ စိစစ်ဆောင်ရွက်သွားရမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ် အတွင်းဖြစ်ပေါ်လျက်ရှိသည့် ဥပဒေမဲ့ကျူးကျော်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြ ကြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် (SOP)ရေးဆွဲ ပြုစုရာတွင် ထည့်သွင်းပါဝင်ရမည့်ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရပ်/ကျေးအဆင့် ကော်မတီဖွဲ့စည်းနိုင် ရေးနှင့် SOP ကို စနစ်တကျ ရေးဆွဲပြုစု၍ ဦးစီးကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရှိရသည်။