မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုအဖြစ် မြစ်ကြီးနား အကျဉ်းထောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုအဖြစ် မြစ်ကြီးနား အကျဉ်းထောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မြစ်ကြီးနား     မတ် ၉

          မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်(၂၀၂၃) အကြိုလှုပ်ရှားမှုအဖြစ် ကချင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများက မြစ်ကြီးနားအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူများအား မတ် ၉ ရက် နံနက် ၉ နာရီက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ရာသို့ ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာတင့်နိုင်၊ ပြည်နယ်အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနမှ အရာ ထမ်း/အမှုထမ်းများ ပူးပေါင်း၍ အကျဉ်းထောင်အတွင်းရှိ ဆေးရုံဆောင်၊ ပြင်ပလူနာဌာနနှင့် အကျဉ်းထောင် စာကြည့်တိုက်တို့တွင် စိတ်ကျန်းမာရေးစောင့်ရှောက်ပေးမှုအနေဖြင့် ကျား/မပေါင်း ၂၁ ဦး၊ နား၊ နှာခေါင်းလည်ချောင်းလူနာ ၂၂ ဦး၊ အရိုးအကြောအဆစ်လူနာ ၃၇ ဦး၊ သွားနှင့်ခံတွင်းလူနာ ၆၀ ဦး၊ မျက်စိရောဂါဝေဒနာရှင် ၈၃ ဦးတို့နှင့် အထွေထွေရောဂါလူနာ ၄၃ ဦး၊ စုစုပေါင်းအကျဉ်းသား/ အကျဉ်းသူ ၂၆၆ ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ နှစ်သိမ့်အားပေး ဆွေးနွေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။