ပူတာအို မေ ၂၃
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ဧက တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၂၂ ရက် နံနက် ၇ နာရီက အခြေခံပညာအထက်တန်း ကျောင်း (ပူတာအို) ကျောင်းရှေ့၌ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချူပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းရှေ့မြေစိုက်ပိုစတာစိုက်ထူမည့် နေရာ၌ နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်နေ့အတွင်း သတ်မှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အရှိန်အဟုန်မြင့်စွာ ကျောင်းနေအရွယ်ကလေးများ အားလုံးကျောင်းအပ်နှံကြရမည်ဖြစ်ပါကြောင်း၊ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ အခြေခံပညာကျောင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ရန်ခက်ခဲနေပါက Placement Test ဖြေဆိုပြီး သင့်တော်သည့်အတန်းတွင် အမှန်တကယ်ဝင်ခွင့်ရအောင် ဆောင်ရွက်နေပြီးဖြစ်ပါကြောင်း၊ ပူတာအိုခရိုင်အနေဖြင့်လည်း ပညာရေးကိုယခုထက်ပိုမိုပြီး အားပေးကူညီဆောင်ရွက်ခြင်းဖြင့် ကလေးများ၏ ဘဝလှပပြီး စိန်ခေါ်မှုများ စွာကို မှန်မှန်ကန်ကန်ယှဉ်ပြိုင်နိုင်ရေး ပညာရေးကို ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲအထိမ်းအမှတ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့ဟု နှိုးဆော်တိုက်တွန်းထားသည့်စာတန်းပါ အသိပညာပေးမြေစိုက်ပိုစတာကို ဖွင့်လှစ်ပေးခဲ့ကြကာ အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။
ထို့နောက် ဖုန်ကန်ရာဇီခန်းမ၌ ပူတာအိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ရှေးဦးစွာကျောင်းသူလေးများက တိုင်းရင်းသားရိုးရာတေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်ဖူလုံရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး၊ စားသုံးဆီဖူလုံရေးအတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် သီးထပ်စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားလာစေရေး ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ Grade-12 အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ပညာရေးဌာနနှင့် ဝိုင်းဝန်းပူးပေါင်းကြိုးစားကြစေလို ကြောင်း တိုက်တွန်းမှာကြားသည်။
ယငြးနောကြ ခရိုငပြညာရေးမှူးဒေါသြနြးသနြးညှှန့ကြ ၂၀၂၆-၂၀၂၇ ပညာသငနြှဈ၊ ကွောငြးနအရှေယကြလေးအားလုံး ကွောငြးအပနြှံနိုငရြေးအတှကြ ဆောငရြှကရြှိသည့ြ အစီအစဉမြွားနှင့ြ Grade-12 အောငခြကွမြှင့မြားရေးအတှကြ လိုအပခြကွမြွားကိုတငပြှရာ ပှညနြယဝြနကြှီးခွုပကြ လိုအပခြကွမြွားကို ခရိုငအြဆင့ဌြာနဆိုငရြာမွားနှင့ြ ပေါငြးစပြ၍ ဖှည့ဆြညြးဆောငရြှကပြေးခဲ့ကာ ပှညနြယဝြနကြှီးမွား၊ လှှတတြောကြိုယစြားလှယမြွားနှင့အြတူ ပူတာအိုမှို့နယြ၊ လနြးတောငကြွေးရှာအုပစြု၊ ဇီဒမြး-၂ ကွေးရှာရှိ ယာယီတိမြးရှောငပြှညသြူမွားအတှကြ ငှကပွြေ ၂၂၁ သိနြး၊ ၂၀၂၆ ခုနှဈ၊ မိုးစပါးစိုကပြွိုးနိုငြ ရေးအတှကြ ဆငြးဧကရီ-၃ အထှကတြိုးမွိုးစပါး တငြး (၁၂၀၀)၊ နိုငငြံ့စီးပှားမှှင့တြငရြေး ရနပြုံငှမှေ ပမျမတီးကွေးရှာ၊ ဝကမြှေးမှူရေးတောငသြူမွားအတှကြ မတညငြှကပွေသြိနြး (၅၀၀)၊ ထဝါဒမြးကွေးရှာ ဝကမြှေးမှူရေးတောငသြူ အစုအဖှဲ့အတှကြ မတညငြှကပွြေိသနြး (၄၀၀)၊ အထကဆြနဂြေါငကြွေးရှာ ဝကမြှေးမှူရေးလုပငြနြးအတှကြ မတညငြှကပွြေ (၃၉၅)သိနြး၊ ရခေဲတောငရြသနေ့စြကြ လုပငြနြးအတှကြ မတညငြှကပွေသြိနြး ၃၀၀၊ ပနြးလှိုငရြပကြှကြ၊ ဒသနှေားမှေးမှူရေးတောငသြူမွား အတှကြ ငှကပွေသြိနြး ၃၀၀၊ ကောငကြထောငရြပကြှကြ ဝကမြှေးမှူရေးလုပငြနြးအတှကြ ငှကပွေသြိနြး ၂၀၀၊ မှို့မရပကြှကအြတှငြး ဝကမြှေးမှူရေးလုပငြနြးအတှကြ ငှကပွေသြိနြး ၂၅၀၊ ပနြးလှိုငရြပကြှကအြတှငြး ငါးမှေးမှူရေးလုပငြနြးအတှကြ ငှကပွေသြိနြး ၅၀တို့နှင့ြ တိုငြးရငြးသားစာပနှငေ့ြ ယဉကြွေးမှုအဖှဲ့မွားအတှကြ ခွီးမှှင့ငြှကပွေသြိနြး ၂၀၊ ဖွောဖြှရေေးအဖှဲ့မွားနှင့ြ ဘငခြရာပနြးပှားအဖှဲ့တို့အတှကြ ဂုဏပြှုခွီးမှှင့ငြှကပွြေ ၁၀ သိနြးကို အသီးသီးပေးအပခြဲ့ကှသညြ။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေးမှုဖြင့် မွေးမြူရေးလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ဦးအားခီ၏ခြံသို့ သွားရောက်ပြီး ခြံဝင်းအတွင်း ဒေသဝက်များနှင့် အသားတိုးဝက်များ မွေးမြူထားရှိမှု၊ ဒေသကြက်၊ မန်ဒါလီဘဲနှင့် ကြက်ဆင်များ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ် ဇီးအွန်ကျေးရွာရှိ မူလာချောင်းဘေးရှိ ဟိုဖာကွင်းအတွင်း ဒေသခံတောင်သူများနှင့်သွားရောက်တွေ့ ဆုံပြီး မိုးစပါးစိုက်ပျိုးရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ကွင်းအတွင်းရှိ ဧက ၅၀၀ လုံးတွင် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေးနှင့် အဆိုပါကွင်းနှင့် တစ်ဆက် တစ်စပ်တည်းရှိနေသည့် နမ့်ဟိုကွင်းဧက ၁၀၀ ကျော်နှင့် လန်းနိုကွင်း ဧက ၇၀၀ နီးပါးခန့်တို့အား ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကာ အဆိုပါ လယ်များသို့သွားလာရာတွင် အဓိကကျသည့် ကုန်ထုတ်လမ်းပေါ်ရှိ မူလာချောင်းပေါ်တွင် တည်ဆောက်သွားမည့် ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် အဆိုပါကျေးရွာဘက်စုံသုံးခန်းမဆောင်၌ ဒေသခံကျေးရွာသူ/ ရွာသားများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ဇီးအွန်ကျေးရွာအတွင်း မိုးစပါးအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေများ ချထားဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများတွင် တစ်ညီတစ်ညွတ်တည်း ကြိုးစားဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက တောင်သူများအတွက် မိုးစပါးစိုက်ပျိုးနိုင်ရေး ဆင်းဧကရီ -၃ မျိုးစပါးမျိုးစေ့တင်း (၇၅၀)အား ပေးအပ်ခဲ့ကြပြီး ၂၀၂၅ စိုက်ပျိုးရာသီတွင် ဆီမုန်ညှင်းအထွက်တိုးအောင် ဦးဆောင်ကြိုးပမ်းဆောင်ရွက်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးအား ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်/ ခရိုင်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အားပေးအမှာစကားပြောကြားခဲ့သည်။
အလားတူ အဆိုပါ ကျေးရွာ၌ လူထုတွေ့ဆုံပွဲ၌ ကျေးရွာနေတောင်သူများ၏ လိုအပ်ချက်များနှင့် ဆီမုန်းညှင်းစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇီးအွန်ကျေးရွာပိုင် ဟိုဖာကွင်းနှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် လန်းနိုကွင်း ဧက ၇၀၀ နီးပါးအား မိုးစပါးအောင်ရေရရှိအောင် ဆောင်ရွက်ပေးရေးနှင့် သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထိုမှတစ်ဆင့် နမ့်ဟိုကွင်း ဧက ၁၀၀ ကျော်တွင်လည်း အလားတူ မိုးစပါးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်အတွက် ဆီထွက်သီးနှံဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ရှိ လယ်ဧရိယာအားလုံးစနစ်တကျတိုင်းထွာ၍ ခြံဝင်းကာရံပေးနိုင်ရေးလိုသည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။










