ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မိုင်းခွန်ကျေးရွာအုပ်စုအတွင်း မိုးစပါးစိုက်ဖြစ်ထွန်းမှု၊ စိုက်ပျိုးမြေများဖော်ထုတ်၍ နှစ်ရှည်သီးနှံခြံလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၈
          ကချင်ပြည်နယ်၊ တနိုင်းခရိုင် (ဟူးကောင်းဒေသ)အတွက် တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုအတွင်းရှိ စိုက်ကွင်းများအတွင်း မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှုနှင့် စိုက်ပျိုးမြေများဖော်ထုတ်၍ နှစ်ရှည်သီးနှံခြံများတိုးချဲ့ဆောင်ရွက်နေမှုကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ သြဂုတ် ၇ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
          ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများ၊ မြေစာရင်းဦးစီး ဌာနမှတာဝန်ရှိသူများနှင့် မိုင်းခွန်ကျေးရွာအုပ်၊ ကိုင်ထောင်ကွင်းအတွင်း တောင်သူများ၏ မိုးစပါး စိုက်ပျိုးထားရှိမှုနှင့် ဖြစ်ထွန်းအောင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် အဆိုပါ ကွင်းအတွင်း မြေလွတ်မြေလပ်မြေရိုင်းများအား စိုက်ပျိူးရေးလုပ်ငန်း အတွက် တင်ပြလျှောက်ထားလာမှုကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးခဲ့သည့် စိုက်ပျိုးရေး တောင်သူ ဦးအောင်တိုးနှင့် အဖွဲ့တို့က စိုက်ပျိုးမြေဧရိယာ ဧက ၁၅၀၀ ကျော်ဖော်ထုတ်၍ မိုးစပါးဧက ၈၀၀ ကျော် စိုက်ပျိုးထားရှိမှုနှင့် နွေစပါးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်း သုံးကိရိယာများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ မျိုးစပါးအိတ်များအား စပါးအလိုက် သိုလှောင်ထားရှိမှု၊ ကျန်မြေဧရိယာအတွင်း နှစ်ရှည်သီးနှံပင်များဖြစ်သည့် လိမ္မော်ခြံ၊ ကွမ်းခြံ၊ မက်လင်ခြံများဖြင့် စိုက်ပျိုး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် နည်းစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့အတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။