ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းမြို့နယ်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ ဖားကန့်မြို့နယ် လဝါးကျေးရွာပြည်သူများနှင့် တွေ့ဆုံ

မြစ်ကြီးနား     သြဂုတ် ၈
          ကချင်ပြည်နယ်၊ တနိုင်းခရိုင် (ဟူးကောင်းဒေသ) ဖွံ့ဖြိုးတိုးတက်ရေးအတွက် တနိုင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၇ ရက် နံနက်ပိုင်းက မြို့နယ် အတွင်းရှိ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။
          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဖုန်းအောင်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တနိုင်းမြို့ စည်ပင် သာယာရေးအဖွဲ့ပိုင် နံနက်ဈေးသို့ သွားရောက်ပြီး ဈေးအတွင်း ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ ငါး၊ ငါးခြောက်များ ရောင်းချလျက်ရှိသည့် အခြေအနေများနှင့် ကုန်ဈေးနှုန်း အတက်/ အကျ အခြေ အနေ၊ ရောင်းဝယ်ဖောက်ကားနိုင်မှု အခြေအနေများကို ဈေးရောင်း/ ဈေးဝယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်မေးမြန်းခဲ့ကြကာ ဒေသထွက်ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို ဝယ်ယူအားပေး ခဲ့ကြသည်။
          ယင်းနောက် တနိုင်းမြို့၊ နှစ်ခြင်းခရစ်ယာန်အသင်း‌တော်ရုံးသို့ သွားရောက်ပြီး အသင်းတော်မှ သိက္ခာတော်ရဆရာများ၊ အသင်းတော်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးအတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘာသာ ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ တိုးတက်လုပ်ဆောင်လာနိုင်စေရေး အားလုံးကဝိုင်းဝန်းကြိုးစားပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အသင်းတော်အတွက် အလှူငွေများနှင့် ဘုရားကျောင်း သစ်အဆောက်အအုံ ဆောက်လုပ်နေမှုအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ဘာသာ ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
          ထို့အတူဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ရိပ်သာဧည့်ခန်းမဆောင်၌ တနိုင်းမြို့နယ်အတွင်း ရှိ ခရစ်ယာအသင်းတော်အသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုး တက်ရေး၊ ဝမ်းစာဖူလုံမှုရှိရေး အစိုးရအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် ပူးပေါင်းပါဝင်ကြစေရေး ဆွေးနွေးပြောကြားပြီး ဘာသာရေးခေါင်းဆောင်များအတွက် အလှူငွေများနှင့် ပန်းခြင်းလက်ဆောင် များကို ပေးအပ်ခဲ့ကြကာ လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
          ထိုမှတစ်ဆင့် ဖားကန့်မြို့နယ် လဝါးကျေးရွာသို့ ရောက်ရှိပြီး လဝါးကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာ စကားပြောကြားကာ ကျေးရွာဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများနှင့် ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ပြီး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဆွေးနွေးဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။