ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၂၃

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပပြုလုပ်နိုင် ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။

          အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ရေးအတွက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အာဇာနည် နေ့အခမ်းအနားကို ယခုနှစ်တွင်လည်း လုံခြုံရေးနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ အထူးဂရုပြု ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခမ်းအနားအောင် မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများအနေဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်ကိစ္စရပ်များနှင့် ပတ်သက်၍ တင်ပြစေလို ကြောင်းမှာကြားသည်။

          ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချအလေးပြုဆောင်ရွက်မည့် အခမ်းအနားအပြင်အဆင်နှင့် စီမံဆောင်ရွက်ထားရှိမှုများ၊ လူဦးရေအကန့်အသတ်ဖြင့် ဖိတ်ကြား ကျင်းပသွားမည့် အစီအစဉ်များ၊ ပရိတ်တရားတော်နာယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အခမ်းအ နားပြုလုပ်သွားမည့် အစီအမံများနှင့် အခမ်းအနားများအတွက် လုံခြုံရေးဆိုင်ရာအစီအမံများကို တင်ပြကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် လုံခြုံ ရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်နိုင်ရေးတို့ကို ဖြည့်စွက်ဆွေးနွေးကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဗိုလ်ချုပ်ပန်းခြံ၌ လွမ်းသူ့ပန်းခွေချအလေးပြုခြင်းကို ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စံလုပ် ငန်းလမ်းညွှန်များနှင့်အညီ ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ထားရန်၊ ကျန်းမာ‌ရေးဆပ်ကော်မတီကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးဆိုင်ရာများကို အထူးဂရုပြုဆောင်ရွက်ရေး၊ မုဒ်ဦးအပြင်အဆင်များကို ခမ်းနားသည့်ပုံစံဖြစ်ရေးနှင့် ပြည်နယ်အဆင့်အခမ်းအနားဖြစ်သည်နှင့် အညီ ခမ်းနားအောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရန် ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့် လုပ်ငန်းကော်မတီများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။