ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်၊ မြို့နယ်တရားရုံးများသို့ မြစ်ကြီးနားတက္ကသိုလ် ဥပေဒပညာဌာန၊ ပဉ္ဇမနှစ်ကျောင်းသား/ကျောင်းသူများ တရားခွင်လက်တွေ့ကွင်းဆင်းလေ့လာ
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ်တရားလွှတ်တော်နှင့် မြစ်ကြီးနားခရိုင်/ မြို့နယ်တရားရုံးများသို့ မြစ်ကြီးနား တက္ကသိုလ် ဥပေဒဌာနမှ ပါမောက္ခဌာနမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက တရားခွင်လက်တွေ့ကွင်းဆင်းလေ့လာခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာသည် ပြည်နယ်တရားလွှတ် တော်တရားသူကြီး ဦးတူးမော်၊ ဦးအောင်မြင့်၊ တာဝန်ရှိသူများက အစည်းအဝေးခန်းမ၌ ကျောင်းသား/ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးအောင်မြင့်တို့ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပြီး မြစ်ကြီးနားတက္ကသိုလ် ဥပဒေဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်ခင်စိုးစိုးလင်းက ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံး ကြည်က ဥပဒေဌာန၏ အကြောင်းအရာများနှင့် သင်ကြားပို့ချမှု အခြေအနေများကို ရှင်းလင်းတင်ပြ ရာ ပြည်နယ်တရားလွှတ်တော်၏ တရားရုံးဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူများကိုယ်စား ဥပဒေနောက်ဆုံးနှစ် ကျောင်းသားတစ်ဦး က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်တရားလွှတ်တော်နှင့် မြစ်ကြီးနားတက္ကသိုလ် ဥပဒေပညာဌာနတို့၏ အမှတ်တရလက်ဆောင်များကို လဲလှယ်ပေးအပ်ခဲ့ကြကာ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်၊ မြို့နယ်တရားရုံး လုပ်ငန်းခွင်များနှင့် တရားခွင်များအား လေ့လာခဲ့ကြကြောင်း သိရသည်။