ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထမနဲထိုးပြိုင်ပွဲ၊ မြစ်ကြီးနားမြို့၌ Autumn Hotel အသစ်ဖွင့်ပွဲနှင့် စက်မှုလယ်ယာဦးစီးဌာန၏ စနစ်ကျစက်မှုလယ်ယာဖော်ထုတ်ခြင်းလုပ်ငန်းအား တက်ရောက်ကြည့်ရှု

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထမနဲထိုးပြိုင်ပွဲ၊ မြစ်ကြီးနားမြို့၌ Autumn Hotel အသစ်ဖွင့်ပွဲနှင့် စက်မှုလယ်ယာဦးစီးဌာန၏ စနစ်ကျစက်မှုလယ်ယာဖော်ထုတ်ခြင်းလုပ်ငန်းအား တက်ရောက်ကြည့်ရှု

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၄

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ်မြောက် မြန်မာ့ရိုရာထမဲနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ဒိုးပတ်ပြိုင်ပွဲနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ မစတင်မီ ဒိုးပတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြစ်ကြီးနား မြို့ပေါ်ရပ်ကွက် (၃)ခုမှ ပြိုင်ပွဲဝင် ဒိုးပတ်အသင်းများက စိတ်ကြိုက် ဒိုးပတ်သံချပ်၊ ဦးရွှေရိုးနှင့် ဒေါ်မိုး အကအလှများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီး ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဒိုင်အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအား မိမိတို့အနေဖြင့် မြန်မာ့တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို လက်ဆင့်ကမ်းထိန်းသိမ်းသည့်အနေဖြင့် မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်မှာ တတိယအကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ စုပေါင်းထမနဲထိုးပွဲ ဆိုသည့်အတိုင်း ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်တတ်လာ စေရန်၊ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းလာစေပြီး အဖွဲ့အစည်းစိတ်ဓာတ်ပိုမိုအားကောင်းလာစေသည့် အပြင် ယနေ့ပြိုင်ပွဲဝင်ကြမည့် ဌာနဆိုင်ရာများအနေဖြင့် စည်းလုံးပျော်ရွှင်စွာ၊ စိတ်လက်ပေါ့ပါးစွာ ပါဝင်ဆောင်ရွက်ကြပြီး ထမနဲဆွမ်းဖြင့် လှူဒါန်းပူဇော်ကြခြင်းဖြင့် ကုသိုလ်ထူးများကို ရရှိစေမည် ဖြစ်ပါကြောင်း အားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက စုပေါင်းထမနဲထိုးဝင်ရောက်ယှဉ်ပြိုင်ကြ မည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ အသင်းအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲ ဝင်အသင်းများ၊ ဌာနဆိုင်ရာအသင်းများ၊ မြစ်ကြီးနားတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေး ဒီဂရီကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းတို့မှ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၆)သင်းတို့အား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ဒိုင်အဖွဲ့မှ ပြိုင်ပွဲစတင်ကြောင်းကြေညာသည်နှင့် တစ်ပြိုင် နက် ပြိုင်ပွဲဝင်အသင်းများက ဒိုးပတ်အဖွဲ့များ၏ သီဆိုဖျော်ဖြေမှု၊ သက်ဆိုင်ရာဌာနအလိုက် အားပေး သူများ၏ ဝန်းရံမှုတို့ဖြင့် ထမနဲထိုးခြင်းကို သတ်မှတ်ချက်၊ စည်းကမ်းချက်များနှင့်အညီ ယှဉ်ပြိုင်ခဲ့ကြ ရာ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒိုင်အဖွဲ့ဝင်များက စိစစ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

          ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဒိုးပတ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ အသင်းများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထမနဲထိုးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရအသင်းများနှင့် တတိယဆုရအသင်းများအား လည်း ကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရအသင်းအတွက် လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ပြည်နယ်ဥပဒေချုပ်ရုံးအသင်းအတွက် လည်းကောင်း ဂုဏ်ပြု ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (နောင်ရာနယ်မြေ)အတွင်း အသစ်တည်ဆောက်ဖွင့်လှစ်သည့် အဆင့်မြင့် Autumn Hotel ဖွင့်ပွဲသို့ တက်ရောက်ပြီး ဟိုတယ်အသစ်ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာ၊ စီတာပူ နှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာတော် ဦးဂျွမ်ဇန်ဂျုံးခေါင် နှင့် ဟိုတယ်သစ်ပိုင်ရှင် ဦးနော်တောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က Autumn Hotel ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနား ကုတင်-၅၀၀ ဆံ့ ပြည်သူ့ ဆေးရုံ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အခြေခံကျန်းမာရေးစနစ်ကို ခိုင်မာအောင်တည်ဆောက်၍ ပြည်သူအားလုံး သက်ရှည်ကျန်းမာမည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်ရေး ဦးတည်ချက်ဖြင့် ဆေးရုံအခြေ ပြုကုသရေးလုပ်ငန်းများအပြင် ပြည်သူလူထုအတွင်း ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို (၂)ရက်တာ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့် အထူးဆေးကုသ‌ရေးအဖွဲ့၏ စစ်ဆေးစမ်းသပ်ကုသပေးမှုများကို လာရောက်ကုသမှုခံယူနေသော ပြည်နယ်အတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပြီး အလှည့်ကျစနစ်ဖြင့် စနစ်တကျစောင့်ဆိုင်း၍ ကုသမှုခံယူနိုင်ရေး၊ လာရောက်သူများအား မုန့်နှင့် ရေသန့်များကို ဖြန့်ဝေကျွေးမွေးနိုင်ရေးအပြင် ပြည်နယ်ဝန်ကြီးချုပ်က အထူးကုဆေးကုသရေးအဖွဲ့အတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၀) အား ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စိုက်ပျိုး ရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းဝင်းအတွင်း ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ် (၄၈ ဒဿမ ၃၇၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော စက်မှုလယ်ယာ စနစ်ကျလယ်မြေ (၁၇)ဧက ဖော်ထုတ်ခြင်း လုပ်ငန်းခွင်အား သွားရောက်ပြီး ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမြင့်နှင့် တာဝန်ရှိသူများ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပက်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာ ကြားခဲ့ကာ လုပ်ငန်းခွင်အတွင်း စက်ယန္တရားများဖြင့် ရေမြောင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ထွန်စက် များဖြင့် လယ်ကွက်များ မြေညီညာမှုရှိစေရန် ဆောင်ရွက်နေမှု၊ လယ်ကွက်မြေညီညာမှုများကို တိုင်းတာဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

          ဆက်လက်၍ အမှတ်(၇၉)စက်မှုလယ်ယာစခန်း(မြစ်ကြီးနား)မှ  တက်ရောက်ပညာ သင်ကြား နေသော နောက်ဆုံးနှစ် ကျောင်းသား/ ကျောင်းသူ(၄၁) ဦးအား လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (၂)ပတ် သင်တန်းတွင် စာတွေ့/ လက်တွေ့သင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းဝင်းအတွင်းရှိ မွေးမြူရေးနှင့် သရုပ်ပြသုတေသနခြံ၌ မွေးမြူထားသည့် နွားနှင့် ဆိတ်များ မွေးမြူထားရှိမှုများနှင့် နန်းကွေ့ချောင်းရေမှ တစ်ဆင့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေအတွင်း  စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။