မြစ်ကြီးနား ဇွန် ၂၃
ကချင်ပြည်နယ်အတွင်းရှိ လယ်ယာမြေများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်ရည်ရွယ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုကြောင်း ဇွန် ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မိမိတို့နိုင်ငံနှင့်မိမိတို့ပြည်နယ်၏ အသက်သွေးကြောဖြစ်သည့်လယ်ယာ မြေစီမံခန့်ခွဲမှုသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ပြည်နယ်အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍ တိုးချဲ့စိုက်ပျိုးရန်အတွက် မြေလွတ်မြေရိုင်းများသည်လည်း ဧကသန်းပေါင်းများစွာ ကျန်ရှိနေ ပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးအတွက် လယ်ယာမြေလုပ်ကိုင်ခွင့်ပြုနိုင်ရေး ပုံစံ-၇ များကို စိစစ်ထုတ်ပေးနေသကဲ့သို့ နိုင်ငံတော်နှင့် ဒေသအကျိုးအတွက် အခြားနည်းအသုံးပြုခွင့်များ ကိုလည်း ဥပဒေနှင့်အညီ စိစစ်ပယ်ဖျက်ဆောင်ရွက်ပေးရသည့် ကိစ္စရပ်များလည်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ အစည်းအဝေးတွင် လယ်မြေများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ လုပ်ကိုင်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က လယ်မြေအား အခြားနည်း အသုံးပြုခွင့်လျှောက်ထားလာမှု၊ လယ်မြေမှတစ်ပါးလယ်ယာမြေကိုအခြားနည်းအသုံးပြုခွင့်လျှောက် ထားလာမှုများနှင့် ပုံစံ-၇ ပျက်စီး/ ပျောက်ဆုံး လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများကို စိစစ်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လုပ်ငန်းစာတွဲတစ်ခုခြင်းစီအလိုက် စိစစ် တင်ပြမှုများအပေါ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှသဘောထားမှတ်ချက်ပြု၍ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သို့ စိစစ်တင်ပြရန်ကိစ္စရပ်များနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြနိုင်ရန် ဆုံးဖြတ် ချက်ချမှတ်ပေးရမည့် ကိစ္စရပ်များအပေါ် ဥပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက် များနှင့်အညီဖြစ်စေရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ ကချင်ပြည်နယ်အတွင်း အသားတင်စိုက်ပျိုးမြေ ဧက(၇)သိန်းကျော်၊ လှပ်မြေဧက (၁)သိန်း ကျော်၊ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောမြေဧက (၇၄) သိန်းကျော်၊ တောရိုင်းမြေဧက (၅၉) သိန်း ကျော်၊ မြေရိုင်းဧက (၅၆)သိန်းကျော်နှင့် အခြားမြေဧကသိန်း (၂၀)ကျော်ရှိပြီး စုစုပေါင်းအသုံးချမှု ဧရိ ယာပေါင်း ဧက ၂၂ သိန်းကျော်ရှိကြောင်း အဆိုပါ အစည်းအဝေးမှ သိရှိရသည်။