ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇွန် ၂၃

          ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းသားသမီးကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းသုံးပစ္စည်း များနှင့် လုပ်သားဝန်ထမ်းများအတွက် မိုးကာအင်္ကျီနှင့် ခမောက်များပေးအပ်ခြင်း အခမ်းအနား ကို ဇွန် ၂၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးတို့က ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ငွေကြေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိတို့က ဝန်ထမ်းသား/သမီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်နှင့် တက္ကသိုလ်တက်ရောက်လျက် ရှိသည့်ကျောင်းသား/ကျောင်းသူ(၁၀၆)ဦးတို့အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေကျပ်(၁၄၉၅၀၀၀) နှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ထီးစသည့် ကျောင်းသုံးကိရိယာတန်ဖိုးငွေကျပ် (၉၉၃၄၀၀)တို့ဖြင့် စုစုပေါင်း ထောက်ပံ့ကြေးငွေကျပ် (၂၉၈၈၄၀၀)တို့နှင့်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများ (၇)ဦးတို့အတွက်  ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၅၀၀၀၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက စည်ပင်သာယာရေးအဖွဲ့ရုံး ဝန်ထမ်း များအတွက် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် ထီးနှင့် အင်္ကျီများ၊ စိမ်းလန်းဆိုပြေရေး ဝန်ထမ်းများ၊ ဈေးညစောင့်နှင့် သန့်ရှင်းရေးလုပ်သားဝန်ထမ်းများအတွက် မိုးကာအင်္ကျီနှင့် ခမောက် များကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်ရှိ ကချင်ပြည်နယ်ကျောက် မျက်လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)ရုံးသို့ သွားရောက်ပြီး အသင်းဥက္ကဋ္ဌ ဦးမရစ်ဇေလွမ်း၊ တာဝန် ရှိသူများတွေ့ဆုံပြီး ပယင်းရောင်းဝယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တရားဝင် ဈေးကွက်ဖော် ဆောင်ပေးနိုင်ရေး၊ အရည်အသွေးမြင့် အချောထည်ပြပွဲ ကျင်းပပြုလုပ်နိုင်ရေးနှင့် ဈေးကွက်ဖော် ဆောင်နိုင်ရေးစသည့် ကိစ္စရပ်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး ကျောက်မျက်အရောင်း ပြခန်းအတွင်း ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုနှင့် ပယင်းအချောထည်ပြုလုပ်နေမှုတို့ကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။