ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်အတွင်း တည်ထားကိုးကွယ်သော ဇိနမာရ်အောင်အလိုတော်ပြည့်စေတီတော် ရွှေထီးတော်အထွဋ်တင်လှူပူဇော်ပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်အတွင်း တည်ထားကိုးကွယ်သော ဇိနမာရ်အောင်အလိုတော်ပြည့်စေတီတော် ရွှေထီးတော်အထွဋ်တင်လှူပူဇော်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဧပြီ ၄

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ဓမ္မရံသီကျောင်းတိုက် ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်တော်မူသော ဇိနမာရ်အောင် အလိုတော်ပြည့်စေတီတော် ရွှေထီးတော်အထွဋ် တင်လှူပူဇော်ပွဲ အခမ်းအနားကို ဧပြီ ၄ ရက် နံနက် ၇ နာရီခွဲက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်း ပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ပူဇော်သည်။

          ရှေးဦးစွာ ရွှေထီးတော်၊ ငှက်မျက်နားတော်၊ ရွှေကြုတ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကိုကျင်းပရာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဦးစီးပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော် ၊ သံဃာတော်ထံမှ ပြည် နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့်၎င်းတို့ဇနီးများ၊ အလှူရှင်များနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက (၉)ပါး သီလခံယူဆောက်တည်ကြသည်။

          ထို့နောက် ရွှေထီးတော်အထွဋ်တင်လှူုပူဇော်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့ က စိန်ဖူးတော်အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီးတို့က ဟင်္သာ တော်အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ရွှေကြုတ်တော်နှင့် ငှက်မျက်နားတော်များကို လည်းကောင်း၊ အလှူရှင်များက အရံစေတီတော် (၈)ဆူ၏ ထီးတော်များကို လည်းကောင်း လှူဒါန်းဆက်ကပ်ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များနှင့် အနုမောဒနာတရားတော်များ နာယူကြကာ ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြ သည်။

          ယင်းနောက် စေတီတော်ကြီး၏ စိန်ဖူး‌တော်၊ ငှက်မျက်နားတော်၊ ရွှေကြုတ်တော်၊ ရွှေဟင်္သာ တော်များကို အလှူရှင်များ၊ ကုသိုလ်ကောင်းမှုပြုသူများနှင့်အတူ ရွှေထီးတော်အထွဋ်တင်လှူခြင်းနှင့် အရံစေတီတော်များ၏ ထီးတော်များ တင်လှူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းကြကာ ဆရာတော်သံဃာတော်များအား အလှူရှင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်း များကို လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။