မိုးညှင်း ဧပြီ ၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားလာစေရေး ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင်အဓိကအားထားရသည့် မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သီးထပ်စိုက်စွမ်းအား ပိုမိုတိုးတက်လာစေရေးအတွက် မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူ များနှင့်အတူ ဧပြီ ၆ ရက် နံနက် ၈ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းသို့ သွားရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ဇနီး၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ဝသုန်စိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီတို့ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသော နွေရာသီအခြေခံ အားကစားသင်တန်းများဖြစ်သည့် ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် အေရိုးဗစ်သင်တန်းများသို့ တက်ရောက်သင်ကြားနေသော လူငယ်/လူရွယ်များနှင့် နည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး သင်တန်းများဖွင့်လှစ်ကျင်းပနိုင်ခဲ့မှု အခြေအနေများနှင့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးကွင်းပွဲကြည့်စင် ပြင်ဆင်ထိန်းသိမ်းနိုင်ရေး တွက် ချက်တင်ပြရန်နှင့် ဝန်ထမ်းများ၊ နည်းပြများအတွက် ချီးမြှင့်ငွေများနှင့် အားကစားအထောက်အကူ ပြုပစ္စည်းများ ဝယ်ယူနိုင်ရေးတို့အတွက် ချီးမြှင့်ငွေကျပ် ၃၁၅၀၀၀၀ ကိုပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံကြီးအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအားရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေးစကားပြောခဲ့ကြပြီး လူနာများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြကာ ဆေးရုံအစည်းအဝေးခန်းမ၌ ခရိုင်ကျန်းမာရေးဦးစီးမှူးနှင့် ဆေးရုံအုပ်ကြီး၊ ကျန်းမာ ရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျေးလက်နှင့်မြို့ပြအားလုံး လွှမ်းခြုံမှုပေးနိုင် အောင်ကြိုးစားဆောင်ရွက်ခဲ့ကြသည့်အတွက် အထူးပင် ကျေးဇူးတင်ဂုဏ်ယူပါကြောင်းပြောကြားရာ ဆေးရုံအုပ်က ဆေးရုံဆိုင်ရာအချက်အလက်များ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆေးရုံဖွံ့ဖြိုးရေးဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆေးရုံကြီးကုသရေးဝန်ထမ်းများအတွက် ငွေကျပ် (၂၅)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်သင် ဆရာ/ ဆရာမများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.Ep) သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဆရာ/ဆရာမများအနေဖြင့် အနာ ဂတ်တွင် နိုင်ငံတာဝန်ကို ပုခုံးပြောင်း တာဝန်ယူကြမည့် ထူးချွန်ထက်မြက်သည့် လူငယ်၊ လူရွယ်များကို မွေးထုတ်ပေးရာတွင် မူလတန်းအဆင့်ထဲကပင် စနစ်တကျသင်ကြားပေးနိုင်ရေး၊ ပညာရည်ပြည့်ဝသော ဆရာများဖြစ်အောင် ကြိုးစားလေ့ကျင့်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ သင်တန်းတက်ရောက်နေသော ဆရာ၊ ဆရာမများအနေဖြင့် ကြိုးစားလေ့ကျင့်သင်ကြားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက်ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကိုပေးအပ်ခဲ့ပြီး စာသင်ဆောင်များအတွင်း သင်ကြားသင်ယူမှုခံယူလျက်ရှိသော ဆရာ၊ ဆရာမများအား လိုက်လံတွေ့ဆုံအားပေးနှုတ်ဆက်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ဟဲလုံကျေးရွာအတွင်း အသားစားကြက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိ ပိုင်ရှင်ဦးကျော်တင့်၏ KT ကြက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး ကြက်ခြံများအတွင်း ကြက်ပေါက်၊ ကြက်လတ်နှင့် ကြက်ကြီးကောင်ရေ ၂၈၀၀၀ ကျော်အား စနစ်တကျမွေးမြူဆောင် ရွက်ထားရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကြက်သားပေါက်နှင့် ကြက်စာဝယ်ယူရရှိမှု အခြေအနေများ၊ ခရိုင်အတွင်း ဖြန့်ဖြူးရောင်းချပေးနိုင်သည့် ဈေးကွက် အခြေအနေတို့ကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခမဲ့ပံ့ပိုးပေးအပ်သည့် မွေးမြူ ရေးအထောက်အကူပြုဆေးဝါးပစ္စည်းများနှင့် ခြံဖျန်းပိုးသတ်ဆေးများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် မိုးညှင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ ဥတ္တရရာမကျောင်းတိုက်သို့ သွားရောက်ပြီး မြို့နယ်သံဃနာယကဆရာတော်နှင့် သံဃာတော်များအား ဖူးမျှော်ကြည်ညိုခဲ့ကြပြီး ငါးပါးသီလများ ခံယူဆောက်တည်ကာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး ဘုန်းတော်ကြီးကျောင်း (၁၁) ကျောင်းအတွက် ဆန်အိတ် (၁၁၀)အိတ် ၊ ဆီပိဿာ (၁၁၀)နှင့်အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လျှောက်ထားတင်ပြခဲ့ကြသည်။
ထို့နောက် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်အတွင်းရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်း၌ မြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော် (၇)သင်းမှ ဘာသာရေးခေါင်းဆောင်များနှင့် ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံရာ တာဝန်ရှိ သူများက ကချင်ရိုးရာမဂွန်းရှလစ်ဖြင့် ဂါဝရပြုလက်ဆောင်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများတွင် အားလုံးကဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်းနှင့် အသင်းအဖွဲ့အသီးသိးအနေဖြင့်လည်း မိမိတို့ ရည်မှန်းချက်ပြည့်မီအောင် အားလုံးကတစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ အသင်းတော်တာဝန်ရှိသူများ၊ စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများက သာသနာရေးဆိုင်ရာ အခွန်လွတ်မြေရရှိရေးနှင့် မနောကွင်းအတွင်း မနောတိုင်တည်ဆောက်နိုင်ရေး စသည့်ကိစ္စရပ်များကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အသင်းတော်(၈)ခုအတွက် အလှူငွေကျပ် (၅) သိန်းစီဖြင့် ငွေကျပ်သိန်း(၄၀)၊ ဆန် (၁၀)အိတ်စီ၊ ဆီ(၁၀)ပိဿာပုံး (၁)ပုံးဆီကို လည်းကောင်း၊ ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်းအတွက် ဆန်(၅)အိတ်၊ ဆီ(၁၀)ပိဿာပုံး (၁)ပုံး ကိုလည်းကောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးရေးကျောင်းအတွက် အလှူငွေကျပ် ၂၅ သိန်းကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်း မှတာဝန်ရှိသူများနှင့်အတူ အောင်သပြေ(၂)ရပ်ကွက်အတွင်း ရိုးရာယဉ်ကျေးမှုအသင်းပိုင် မြေနေ ရာကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ ဧပြီ ၇ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်နယ်အထွေထွေပိုရန်ပုံငွေကျပ် (၃၉၂ ဒဿမ ၈၂၀) သန်းဖြင့် ဆောင်ရွက်ပေးခဲ့သည့် ရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ် (၄၅၀၀)ပေ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ လမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြရာ ကျေးရွာတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် မိုးကောင်းမြို့နယ်အတွင်းရှိ ကြာအင်းစုစည်း(၂)ကျေးရွာနှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်းဝင်းအတွင်း ကျေးရွာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး သိက္ခာတော်ရဆရာတော် ဦးဂွမ်ဆန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ် ချက်များဖြစ်သည့် စိမ့်စမ်းရေသွယ်ပေးနိုင်ရေး၊ လယ်ဧက ၅၀၀၀ အတွက် ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင်ရေးနှင့် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများအား ကွင်းဆင်းစစ်ဆေးတွက်ချက်တင်ပြနိုင်ရေးနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာသူ/ ရွာသားများ၏ ရိုးရာမဂွန်းလစ်ဖြင့် ဂါဝရပြုလက်ဆောင်ပေးအပ်မှု လက်ခံခဲ့ကြသည်။
ထို့နောက် အဆိုပါ ဘုရားကျောင်းဝင်းအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောက်လုပ်ပေးခဲ့သော စာကြည့်တိုက်အားလည်းကောင်း၊ ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ထားသော ကုန်ထုတ်လမ်းပေါ်ရှိ ချောင်းကူးတံတားတည်ဆောက်နေမှုအား လည်း ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာစာကြည့်တိုက် ရန်ပုံငွေအဖြစ် ငွေကျပ် ၂၅ ကို ထောက်ပံ့ပေးအပ်ကာ ကျေးရွာအဝင်လမ်းပေါ်ရှိ ရေကျော်နေရာ ပြုပြင်ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးရွာရေဘုံဘိုင် မွမ်းမံတည်ဆောက်ပေးနိုင်ရေးတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ မိုးညှင်းခရီးစဉ်အတွင်း ပြည်နယ်အမျိုးသမီးးရေးရာ အဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းနှင့် တာဝန်ရှိသူများက မိုးညှင်းမြို့ နားခါရပ်ကွက်ရှိ သာသနာ့ဟိတကာရီသီလရှင်ကျောင်းတိုက်၌ ဆွမ်းဆန်တော် (၁၀)အိတ်၊ ဆီ (၁)ပုံးနှင့် အလှူငွေကျပ် (၅)သိန်းအားလည်းကောင်း၊ အောင်သပြေရပ်ကွက်၊ စုပေါင်းရုံး၌ သက်ကြီးဘိုးဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး ဘိုး/ဘွား (၃၁)ဦးတို့အတွက် လက်ဆောင်ပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခြင်းနှင့် အသင်းဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လည်းကောင်း၊ အရှေ့စုရပ်ကွက်အတွင်းရှိ မိခင်နှင့်ကလေးကြီးကြပ်မှုစောင့် ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ကိုယ်ဝန်ဆောာင်မိခင်များ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးနေမှုများကို အားပေးကြည့်ရှုခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင် (၂၅)ဦးတို့အတွက် ထောက်ပံ့ငွေများကို လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။














