ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ၂၀၂၅ ခုနှစ်၊ သီတင်းကျွတ်မီးထွန်းပွဲတော်၊ မဟာဘုံကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲ‌တော်များ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား   အောက်တိုဘာ ၁

          ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ သီတင်း ကျွတ်မီးထွန်းပွဲတော်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်များ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်ကျင်းပသည့် အခမ်းအနားများဖြစ်သည့်နည်းတူ၊ ရိုးရာဓလေ့ထုံးစံများနှင့်အညီ ခမ်းခမ်းနားနားသိုက်သိုက်ဝန်းဝန်းဖြင့် စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး စနစ်တကျစီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းတာဝန် များအပေါ် လိုအပ်ချက်များ၊ ကြိုတင်ချိတ်ဆက်ဆောင်ရွက်ထားရမည့်ကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက အခမ်းအနားများ ကျင်းပပြုလုပ်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သီတင်းကျွတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည့်အစီအစဉ်များ၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပရေးနှင့် တန်ဆောင်တိုင်ပွဲတော် မီးထွန်းပွဲတော်၊ ရှင်ဥပဂုတ္တမထေရ်မြတ် ရေမျှောပူဇော်ပွဲများ၊ မီးပုံးပျံများလွှတ်တင်ပူဇော်ဆိုင်ရာကိစ္စရပ်များ၊ စတုဒီသာကျွေးမွေးရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပွဲတော်အလိုက် စီစဉ်ဆောင်ရွက်ထား ရှိမှုများနှင့်စပ်လျဉ်း၍ ဆပ်ကော်မတီများအကြား လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။