ကချင်ပြည်နယ်ဝန်ကြီးချုပ် လယ်ကုန်း(ဇီးအွန်)ရပ်ကွက်အတွင်းရှိ OMF လီဆူယာယီတိမ်းရှောင်စခန်းနေ ပြည်သူ များအား ဆန်ရိက္ခာများထောက်ပံ့

မြစ်ကြီးနား   အောက်တိုဘာ ၁၁

          ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် လယ်ကုန်း(ဇီးအွန်)ရပ်ကွက်အတွင်းရှိ OMF လီဆူယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ခဲ့ကြပြီး စခန်းနေမိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ စခန်းနေအိမ်ထောင်စု (၅၅)စုတို့အတွက် ဆန် (၂၄) ပြည်ပါအိတ် (၅၅) အိတ်၊ ဆီ (၅၅)ပိဿာ၊ ကြက်ဥ ၁၁၀၀ လုံးတို့အား အသီးသီးထောက်ပံ့ပေးအပ်ကြရာ စခန်းတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများအတွက် လုံခြုံစွာနေထိုင်နိုင်ရေး မိုးကာလိုအပ်ချက်များနှင့် ကလေးများ စာကျက်ချိန်တွင် လျှပ်စစ်မီးရရှိရေး၊ သောက်သုံံးရေချိုးရေ စသည့်လိုအပ်ချက်များကို တင်ပြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းယာယီတိမ်းရှောင်မိသားစုများ အမိုး အကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး၊ စားသောက်မှုအဆင်ပြေစေရေးတို့အတွက် စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်မှလည်း ထောက်ပံ့ငွေများကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိသားစုများအနေဖြင့် လိုအပ်ချက်များဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် မိမိတို့အနေဖြင့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားပြီး စခန်းအတွင်း အိမ်ထောင်စုများ၏ လိုအပ်ချက်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။