တနိုင်း သြဂုတ် ၅
၂၀၂၆ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တနိုင်းမြို့ ပြည်သူ့ ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးရုံလူနာဆောင်၌ ဆေးဝါးကုသမှုလာရောက်ခံယူလျက်ရှိသော လူနာများအား ရင်းရင်းနှီးနှီး လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လူနာများအတွက် အားဖြည့်စားစရာများနှင့် ထောက်ပံ့ငွေများပေး အပ်ခဲ့ကာ ဆေးရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေ (၁၅)သိန်းကို ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့ ကင်ဆားရာရပ်ကွက်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေးကာ မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ခေတ်မီစက်ကိရိယာများ စုစောင်းထားရှိမှုနှင့် မီးငြိမ်သတ်ယာဉ်၊ ရေသယ်ယာဉ်များ အသင့်အနေအထားဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကိုမှာကြားကာ မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။
အလားတူ တနိုင်းမြို့ အမှတ်(၁၀)တပ်မတော်ဆေးရုံ (ကုတင်-၂၅)သို့ သွားရောက်ခဲ့ကြပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဖုန်းအောင်၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသာ တပ်မတော်သားများနှင့် တပ်မတော်မိသားစုဝင်များ၊ ဒေသခံများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ အာဟာရဖြည့်စွက် အစားအစာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပြီး တပ်မတော်ဆေးရုံ အတွက် ချီးမြှင့် ငွေကျပ် ၂၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။



